ထိုနှုတ်ကပတ်တော်သည် ရှိသမျှသောဖန်ဆင်းခံတို့အား အသက်ကို ပေးတော်မူ၏။ ထိုအသက်သည် လူအပေါင်းတို့အတွက် အလင်းဖြစ်၏။
ရှင်ယောဟန် 5:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ခမည်းတော်သည် မိမိ၌ အသက်ပေးပိုင်သောတန်ခိုးရှိတော်မူသည့်အတိုင်း ထိုအသက်ပေးပိုင်သောတန်ခိုးကို သားတော်အားလည်း ပေးတော်မူသောကြောင့်ဖြစ်၏။ Common Language Bible ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။- Garrad Bible အသို့ဆိုသော်၊ ခမည်းတော်သည် အလျောက်ဘာသာအသက်တည်သကဲ့သို့ သားတော်အားလည်းအလျောက်ဘာသာတည်ရခွင့်ပေးတော်မူသည့်ပြင်၊ Judson Bible အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ခမည်းတော်သည် မိမိ၌အသက်ကိုပိုင်ဆိုင်တော်မူသည်နည်းတူ သားတော်အားလည်း မိမိ၌အသက်ကိုပိုင်ဆိုင်ခွင့်ပေးတော်မူ၏။ မြန်မာ အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။- |
ထိုနှုတ်ကပတ်တော်သည် ရှိသမျှသောဖန်ဆင်းခံတို့အား အသက်ကို ပေးတော်မူ၏။ ထိုအသက်သည် လူအပေါင်းတို့အတွက် အလင်းဖြစ်၏။
မည်သူကမျှ ငါ့အသက်ကို စွန့်စေသည်မဟုတ်။ မိမိသဘောဖြင့်သာ ငါစွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့အသက်ကို စွန့်ရန်နှင့် ပြန်ယူရန် ငါ့ထံ၌ အခွင့်အာဏာရှိသောကြောင့်ဖြစ်၏။ ထိုအမိန့်ကို ခမည်းတော်ထံမှ ငါရရှိ၏” ဟု မိန့်တော်မူ၏။
ယေရှုက “ငါသည် သေလွန်သောသူတို့ကို ပြန်ရှင်စေ၍ အသက်ကို ပေးပိုင်သူဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ပြန်ရှင်လိမ့်မည်။
ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူသည် သေခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ငါ့စကားကို သင်ယုံကြည်သလော” ဟု မိန့်တော်မူ၏။
မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ယေရှုက “သင့်အတွက် ဘုရားသခင်ပေးတော်မူမည့် လက်ဆောင်ကိုလည်းကောင်း၊ သင့်ထံမှ သောက်ရေကို တောင်းသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိပါက သင်သည် ငါ့ထံမှ ရေကို တောင်းလိမ့်မည်။ ငါသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု ဖြေတော်မူ၏။
အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏။ ထိုကဲ့သို့ပင် ငါ့အသားကို စားသောသူသည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ” ဟု မိန့်တော်မူ၏။
ထိုနည်းတူ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လိုအပ်တော်မမူသောကြောင့် လူ့လက်ဖြင့် လုပ်ကျွေးပြုစုခြင်းကိုလည်း ခံယူရန်မလိုပေ။ ထိုအရှင်သည် လူအပေါင်းတို့အား အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာအားလုံးကို ပေးတော်မူသောဘုရားဖြစ်၏။
ကျမ်းစာ၌ “ပထမဆုံးလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံးအာဒံသည် အသက်ရှင်စေသော ဝိညာဉ်ဖြစ်၏။
ထာဝရဘုရင်ဖြစ်တော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ လူ့မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
ဘုရားသခင်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းတော်မူ၍ ကိုယ်တော်သည် မည်သူမျှ မချဉ်းကပ်နိုင်သည့် အလင်း၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်ကို မည်သူမျှ မမြင်ဖူးသကဲ့သို့ မြင်လည်း မမြင်နိုင်။ ကိုယ်တော်၌ ဂုဏ်အသရေနှင့် ထာဝရဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။
ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။
ကိုယ်တော်က “အမှုပြီးပြီ။ ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ ငါပေးမည်။
ထိုအခါ ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်သည့် အသက်ရေစီးသောမြစ်ကို ကျွန်ုပ်အား ပြ၏။ ထိုမြစ်သည် ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်မှ စီးထွက်၍
ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။
အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်အလယ်၌ရှိသော သိုးသငယ်တော်သည် သူတို့၏သိုးထိန်းဖြစ်၍ အသက်စမ်းရေတွင်းသို့ ပို့ဆောင်တော်မူမည်ဖြစ်သောကြောင့်ပင်။ ဘုရားသခင်သည် သူတို့၏ ရှိသမျှမျက်ရည်တို့ကို သုတ်ပေးတော်မူလိမ့်မည်” ဟုဆို၏။