ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 20:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ငါ့ကိုကိုင်ဆွဲ၍မထားနှင့်။ ငါသည်ခမည်းတော်၏ထံသို့မတက်ရသေး။ သို့သော်ငါ၏ညီများထံသို့သွား၍ငါ့အဖ တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော် သို့ငါတက်သွားရမည့်အကြောင်းကိုပြောကြား လော့'' ဟုမိန့်တော်မူ၏။ Garrad Bible ယေရှုကလည်း ငါ့ကိုမကိုင်နှင့်ဦး။ ခမည်းတော်ထံသို့ငါမတက်သေး။ ငါသည် ငါ့အဘနှင့်သင်တို့အဘ၊ ငါ့ဘုရားနှင့် သင်တို့ဘုရားအထံတော်သို့ တက်သွားတော့မည်ဟူ၍ ငါ့ညီများထံသွားရောက်ကြားပြောလော့ဟုမိန့် တော်မူသည့်အတိုင်း၊ Judson Bible ယေရှုကလည်း၊ ငါ့ကိုမဖက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါသည် ခမည်းတော်ထံသို့ မတက်သွားရသေးသဖြင့် ငါ့ကိုမထိနှင့်ဦး။ ငါ့ညီအစ်ကိုတို့ထံသို့သွား၍ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ့ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံသို့ ငါတက်သွားတော့မည်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ငါ့ကိုမဖက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊- |
ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ထို့နောက် အမြန်ပြန်၍ ‘ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ သူသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ တပည့်တော်တို့အား ပြောကြလော့။ ငါပြောသောစကားကို မမေ့ကြနှင့်” ဟု ဆိုလေ၏။
သေလွန်သောသူတို့ပြန်ရှင်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်းကို မီးလောင်နေသောချုံပုတ်အကြောင်းတွင် မောရှေ ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
ယေရှုသည် တပည့်တော်တို့ကို ထိုသို့မိန့်တော်မူပြီးသောအခါ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်၊ ဖိနပ်အပိုစသည်တို့ကို ယူမသွားကြနှင့်။ လမ်းတွင် မည်သူကိုမျှ နှုတ်မဆက်ကြနှင့်။
ထိုအချိန်သည် ပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ ယေရှုသည် ဤလောကမှ ထွက်ခွာ၍ မိမိ၏ခမည်းတော်ထံသို့ ပြန်ကြွတော်မူရမည့် အချိန်ရောက်ပြီဖြစ်ကြောင်းကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောက၌ ရှိသော မိမိတပည့်တို့ကို ချစ်တော်မူ၏။ သူတို့ကို အဆုံးတိုင်အောင် ချစ်တော်မူ၏။
ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
ငါ့ခမည်းတော်၏ အိမ်တော်တွင် နေစရာအခန်းများစွာ ရှိ၏။ ထိုသို့ မရှိလျှင် ငါသည် သင်တို့နေရမည့်နေရာကို သွား၍ ပြင်ဆင်မည်ဟု ပြောမည်လော။
‘ယခု ငါသွားမည်။ သို့သော် သင်တို့ထံသို့ ပြန်လာဦးမည်’ ဟူ၍ ငါပြောခဲ့သောစကားကို သင်တို့ကြားခဲ့ပြီ။ သင်တို့သည် ငါ့ကို အမှန်တကယ်ချစ်လျှင် ငါ့ထက် ပို၍ ကြီးမြတ်သောခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
ယခု အကျွန်ုပ်သည် ဤလောကမှ ထွက်ခွာ၍ ကိုယ်တော်ထံသို့ လာပါတော့မည်။ ထိုသူတို့သည် ဤလောက၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသောအဖ… ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်သားတည်းဖြစ်သကဲ့သို့ ထိုသူတို့သည် တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်ထံ ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။
တရားမျှတတော်မူသောအဖ… လောကီသားတို့သည် ကိုယ်တော်ကို မသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤတပည့်တော်တို့သိကြပါ၏။
အို အဖ… ကမ္ဘာမတည်ရှိမီက ကိုယ်တော်နှင့်အတူ အကျွန်ုပ်ရရှိသော ဘုန်းအသရေဖြင့် အကျွန်ုပ်ကို ရှေ့တော်၌ ယခုဘုန်းကြီးစေတော်မူပါ။
ထို့နောက် ယေရှုသည် သောမအား “သင့်လက်ညှိုးဖြင့် ဤနေရာကို စမ်း၍ ငါ့လက်တို့ကို ကြည့်လော့။ သင့်လက်ဖြင့် ငါ့နံဘေးရှိ ဒဏ်ရာကိုလည်း စမ်းကြည့်လော့။ သံသယမဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။
သို့သော် ယေရှုက “ငါသည် သင်တို့နှင့်အတူ ခဏသာ နေရလိမ့်မည်။ ထို့နောက် ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ပြန်ရမည်။
ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။
ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။
ထာဝရဘုရားမိန့်တော်မူသည်မှာ ထိုကာလပြီးနောက် ငါသည် အစ္စရေးလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည် ငါ၏လူများဖြစ်ကြလိမ့်မည်။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။
ထို့နောက် ရာဇပလ္လင်တော်မှ ကျယ်လောင်သောအသံကို ကျွန်ုပ်ကြားရ၏။ ထိုအသံမှာ “ကြည့်လော့။ ဘုရားသခင် စံမြန်းရာနေရာသည် လူတို့တွင် ရှိ၍ သူတို့နှင့်အတူ စံမြန်းတော်မူမည်။ သူတို့သည် ကိုယ်တော်၏လူများဖြစ်ကြပြီး ဘုရားသခင်ကိုယ်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူလိမ့်မည်။
အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။