ထို့နောက် ယေရှုသည် ဗိမာန်တော်သို့ ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်ဖောက်ကားနေကြသောသူအားလုံးကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်နေသောသူတို့၏ စားပွဲများနှင့် ချိုးငှက်ရောင်းသောသူတို့၏ ခုံများကို မှောက်လှန်တော်မူ၏။
ရှင်ယောဟန် 2:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုသည် ကြိုးဖြင့် ကျာပွတ်တစ်ချောင်းကို ပြုလုပ်၍ ထိုသူတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း ဗိမာန်တော် အတွင်းမှ မောင်းထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ ငွေများကိုလည်း သွန်ချ၍ ငွေတင်ခုံများကို မှောက်လှန်တော်မူ၏။ Common Language Bible ထိုအခါကြိုးဖြင့်နှင်တံကိုပြုလုပ်ပြီးလျှင် သိုးနွားများကိုဗိမာန်တော်ထဲမှမောင်းထုတ် တော်မူ၏။ ငွေလဲလှယ်သူတို့၏ငွေများကို သွန်ချ၍ ငွေတင်ခုံများကိုမှောက်လှန်ပစ် တော်မူ၏။- Garrad Bible ကြိုးမြွာနှင်တံလုပ်ပြီးလျှင် သိုးနွားရှိသမျှကိုမောင်းနှင်၍ ကြေးငွေလဲလှယ်သူတို့၏ငွေနုပ်များကို သွန်ချခြင်း၊ စားပွဲများကိုမှောက်လှန်ခြင်းပြုသည့်ပြင်၊ Judson Bible ရိုက်စရာဖို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း၊ ဗိမာန်တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ကြိုးများဖြင့် ကျာပွတ်ကိုပြုလုပ်ပြီးလျှင် သိုး၊ နွားတို့နှင့်တကွ ထိုသူအပေါင်းတို့ကို ဗိမာန်တော်ထဲမှနှင်ထုတ်၍ ငွေကြေးလဲလှယ်သူတို့၏ဒင်္ဂါးများကိုသွန်ချကာ သူတို့၏စားပွဲများကိုမှောက်လှန်တော်မူ၏။ မြန်မာ ရိုက်စရာဖို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း၊ ဗိမာန်တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊- |
ထို့နောက် ယေရှုသည် ဗိမာန်တော်သို့ ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်ဖောက်ကားနေကြသောသူအားလုံးကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်နေသောသူတို့၏ စားပွဲများနှင့် ချိုးငှက်ရောင်းသောသူတို့၏ ခုံများကို မှောက်လှန်တော်မူ၏။
“ငါသည် ထိုသူဖြစ်သည်” ဟု ယေရှုမိန့်တော်မူသောအခါ သူတို့အားလုံးသည် နောက်သို့ဆုတ်၍ မြေပေါ်သို့ လဲကြ၏။
ဗိမာန်တော်ဝင်းအတွင်း၌ ဈေးသည်များက ယဇ်ပူဇော်ရန်အတွက် သိုး၊ နွား၊ ချိုးငှက်များ ရောင်းဝယ်လျက်ရှိသည်ကိုလည်းကောင်း၊ ငွေလဲလှယ်သူတို့ ထိုင်လျက်ရှိသည်ကိုလည်းကောင်း မြင်တော်မူ၏။
ယေရှုက ချိုးငှက်ရောင်းသူတို့အား “ဤအရာများကို ယူသွားကြ။ ငါ့အဖအိမ်တော်ကို ဈေးမဖြစ်စေနှင့်” ဟု မိန့်တော်မူ၏။
တိုက်ပွဲတွင် ကျွန်ုပ်တို့ အသုံးပြုသည့်လက်နက်များသည် လောကီသားများအသုံးပြုသည့် လက်နက်များမဟုတ်။ ခံတပ်များကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်ပါသော လက်နက်များဖြစ်၏။