ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 14:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ပညတ်ကို လိုက်နာသောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ထိုသူသည် ငါ့ကို ချစ်သောကြောင့် ငါ့ခမည်းတော်သည် သူ့ကို ချစ်လိမ့်မည်။ ငါသည်လည်း သူ့ကို ချစ်၍ သူ့ကို ကိုယ်ထင်ပြတော်မူမည်” ဟု မိန့်တော်မူ၏။ Common Language Bible ``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ပညတ်များကိုရ၍စောင့်ရှောက်သူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူ့အား ငါ့ခမည်းတော်မေတ္တာသက်တော်မူသည့်ပြင် ငါလည်းမေတ္တာသက်၍ ထင်ရှားမည်ဟုမိန့်တော်မူ၏။ Judson Bible ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။ မြန်မာ ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။ |
ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ထိုဝိညာဉ်တော်သည် ငါ့ထံမှ ရရှိသောသမ္မာတရားကို သင်တို့အား ဖော်ပြပေးခြင်းအားဖြင့် ငါ့ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။
သင်တို့သည် ငါ့ကို ချစ်၍ ငါသည် ဘုရားသခင်ထံမှ လာကြောင်းကို ယုံကြည်ကြသောကြောင့် ခမည်းတော်ကိုယ်တိုင် သင်တို့ကို ချစ်တော်မူ၏။
အကျွန်ုပ်သည် သူတို့၌ တည်၍ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ တည်တော်မူ၏။ ထိုကဲ့သို့ စုံလင်စွာတစ်သားတည်းဖြစ်ခြင်းအားဖြင့် အဖသည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကို ချစ်တော်မူကြောင်းကို လောကီသားတို့သိကြပါလိမ့်မည်။
ထိုဆူးကို ဖယ်ရှားပေးတော်မူရန် သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ကျွန်ုပ်အသနားခံခဲ့၏။
ထို့ကြောင့် ပဝါဖုံးအုပ်ခံရခြင်းမရှိတော့သော ကျွန်ုပ်တို့၏ မျက်နှာတွင် သခင်ဘုရား၏ ဘုန်းတော်ထင်ဟပ်လျက်ရှိ၏။ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေသည် ကျွန်ုပ်တို့ကို အစဉ်အမြဲ ဘုန်းအသရေတိုးပွားစေ၍ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်အတိုင်း ပြောင်းလဲစေလျက်ရှိ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ကျွန်ုပ်တို့ကို ချစ်၍ ကျေးဇူးတော်ဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ခိုင်မြဲသောမျှော်လင့်ခြင်းတို့ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖဘုရားသခင်နှင့် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်ကိုယ်တိုင်သည်
သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။
ဘုရားသခင်၏စကားတော်ကို နားထောင်သောသူသည် ဘုရားသခင်ကို အကြွင်းမဲ့ချစ်သောသူဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်သည်ကို သိကြ၏။
ခမည်းတော်သည် ကျွန်ုပ်တို့ကို မည်မျှချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကျွန်ုပ်တို့ကိုလည်း မသိကြ။
ဘုရားသခင်ကို ချစ်ခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို လိုက်နာခြင်းပင် ဖြစ်၏။ ပညတ်တော်တို့သည် လိုက်နာရန် မခဲယဉ်းပေ။
ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပညတ်ထားတော်မူသည့်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်တော်မှာ အစဦးကပင် သင်တို့ကြားခဲ့သည့်အတိုင်း အချင်းချင်း ချစ်ကြရန်ဖြစ်၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကိုပေးမည်။ ဖြူသောကျောက်တစ်လုံးကိုလည်းပေးမည်။ ထိုကျောက်ပေါ်တွင် နာမည်အသစ်ကို ရေးထွင်းထားပြီး ထိုကျောက်ကို လက်ခံသည့်သူမှလွဲ၍ မည်သူမျှ ထိုနာမည်သစ်ကို မသိရ။
မိမိတို့၏ ဝတ်ရုံများကို လျှော်ဖွပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် မြို့တံခါးများမှ မြို့ထဲသို့ ဝင်၍ အသက်ပင်၏ အသီးကို စားခွင့်ရလိမ့်မည်။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ တစ်စုံတစ်ဦးသည် ငါ့အသံကို ကြား၍တံခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။