အလောင်းတော်အား မိမိကိုယ်ပိုင်ဖြစ်သော ကျောက်ဆောင်ကို ထွင်းထားသည့် သင်္ချိုင်းဂူသစ်တွင် သင်္ဂြိုဟ်လေ၏။ ထို့နောက် သူသည် ကျောက်တုံးကြီးကို ဂူဝသို့ လှိမ့်၍ ပိတ်ထားပြီးမှ ပြန်လေ၏။
ရှင်ယောဟန် 11:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် တစ်ဖန် အလွန်ဝမ်းနည်းလျက် သင်္ချိုင်းသို့ ကြွတော်မူ၏။ ထိုသင်္ချိုင်းသည် ဂူဖြစ်သောကြောင့် ဂူတွင်းဝကို ကျောက်တုံးဖြင့် ပိတ်ထား၏။ Common Language Bible သခင်ယေရှုသည်တစ်ဖန်စိတ်တော်အလွန် လှုပ်ရှားလျက်သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထို ဂူ၏အဝင်ဝကိုကျောက်တုံးဖြင့်ပိတ်ထား၏။- Garrad Bible သို့ဖြစ်၍ယေရှုသည် စိတ်တော်ထပ်ဆင့်ညှိုးငယ်လျက် ကျောက်လုံးနှင့်ပိတ်ထားရာဂူဖြစ်သောသင်္ချိုင်းသို့ ရောက်တော်မူလျှင်၊ Judson Bible တစ်ဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် နောက်တစ်ဖန် ရင်တွင်း၌ ညည်းတွားလျက် သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူသည် ကျောက်လိုဏ်ဂူဖြစ်ပြီး အဝင်ဝကို ကျောက်တုံးဖြင့်ပိတ်ထား၏။ မြန်မာ တစ်ဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။- |
အလောင်းတော်အား မိမိကိုယ်ပိုင်ဖြစ်သော ကျောက်ဆောင်ကို ထွင်းထားသည့် သင်္ချိုင်းဂူသစ်တွင် သင်္ဂြိုဟ်လေ၏။ ထို့နောက် သူသည် ကျောက်တုံးကြီးကို ဂူဝသို့ လှိမ့်၍ ပိတ်ထားပြီးမှ ပြန်လေ၏။
ထို့ကြောင့် သူတို့သည် သင်္ချိုင်းဂူကို တံဆိပ်ခတ်နှိပ်ကြပြီးလျှင် စောင့်ကြပ်ရန် အစောင့်တပ်သားများကို ချထားကြ၏။
ယောသပ်သည် ပိတ်ချောကို ဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှ ချ၍ ထိုပိတ်ချောဖြင့် ရစ်ပတ်၏။ ထို့နောက် ကျောက်ဆောင်ကိုထွင်းထားသည့်သင်္ချိုင်းဂူတွင် အလောင်းတော်ကို သင်္ဂြိုဟ်ပြီးလျှင် ဂူဝ၌ ကျောက်တုံးကို လှိမ့်၍ ပိတ်ထား၏။
ထိုအခါ ကိုယ်တော်သည် စိတ်တော်မချမ်းမသာဖြစ်လျက် သက်ပြင်းချတော်မူပြီးလျှင် “ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကို တောင်းကြသနည်း။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။
သင်္ချိုင်းဂူသို့ရောက်သော် ဂူဝ၌ ပိတ်ထားသောကျောက်တုံးကြီးမှာ ဘေးဘက်သို့ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကို တွေ့မြင်ကြသဖြင့်
ယေရှုသည် မာရိငိုကြွေးသည်ကိုလည်းကောင်း၊ မာရိနှင့်အတူလိုက်လာသော ဂျူးလူမျိုးတို့လည်း ငိုကြွေးကြသည်ကိုလည်းကောင်း မြင်တော်မူသောအခါ အလွန်ဝမ်းနည်း၍ စိတ်မချမ်းမသာဖြစ်တော်မူ၏။
တနင်္ဂနွေနေ့နံနက်စောစော မှောင်လျက် ရှိနေသေးချိန်တွင် မာဂဒလမာရိသည် သင်္ချိုင်းဂူသို့ ရောက်လာရာ ဂူဝ၌ ပိတ်ထားသောကျောက်တုံးကြီးမှာ ဘေးဘက်သို့ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကို မြင်လေ၏။