Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:38 - မြန်မာ

38 တစ်​ဖန်​ယေ​ရှု​သည် အ​လွန်​ညှိုး​ငယ်​သော​စိတ်​နှင့် သင်္ချိုင်း​တွင်း​သို့ ရောက်​တော်​မူ၏။ ထို​တွင်း​သည် မြေ​တွင်း​ဖြစ်၏။ ကျောက်​နှင့် ပိတ်​ထား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 သို့ဖြစ်၍ယေရှုသည် စိတ်တော်ထပ်ဆင့်ညှိုးငယ်လျက် ကျောက်လုံးနှင့်ပိတ်ထားရာဂူဖြစ်သောသင်္ချိုင်းသို့ ရောက်တော်မူလျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 တစ်​ဖန်​ယေ​ရှု​သည် အ​လွန်​ညှိုး​ငယ်​သော​စိတ်​နှင့် သင်္ချိုင်း​တွင်း​သို့ ရောက်​တော်​မူ၏။ ထို​တွင်း​သည် မြေ​တွင်း​ဖြစ်၏။ ကျောက်​နှင့် ပိတ်​ထား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

38 ယေရှု​သည် တစ်ဖန် အလွန်​ဝမ်းနည်း​လျက် သင်္ချိုင်း​သို့ ကြွတော်မူ၏။ ထို​သင်္ချိုင်း​သည် ဂူ​ဖြစ်​သောကြောင့် ဂူတွင်းဝ​ကို ကျောက်တုံး​ဖြင့် ပိတ်ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:38
12 ပူးပေါင်းရင်းမြစ်များ  

ကျောက်၌ ထွင်း​သော မိ​မိ​သင်္ချိုင်း​တွင်း​သစ်​ထဲ​မှာ ထား​လေ၏။ ကြီး​စွာ​သော ကျောက်​ကို​လည်း တွင်း​ဝ၌ လှိမ့်​ထား​ပြီး​မှ သွား၏။-


ထို​သူ​တို့​သည် သွား၍ ကျောက်​ကို တံ​ဆိပ်​ခတ်​ပြီး​လျှင် အ​စောင့်​ထား​လျက် သင်္ချိုင်း​တွင်း​တော်​ကို လုံ​ခြုံ​စွာ​ပြု​ကြ၏။


ယော​သပ်​သည် ကိုယ်​တော်​ကို​ချ၍၊ မိ​မိ​ဝယ်​ခဲ့​သော ပိတ်​ချော​နှင့်​ပတ်​ရစ်​ပြီး​လျှင်၊ ကျောက်၌​ထွင်း​သော သင်္ချိုင်း​တွင်း​ထဲ​မှာ​ထား၍ တွင်း၌ ကျောက်​ကို လှိမ့်​ထား​လေ၏။-


ကိုယ်​တော်​သည် စိတ်​နှ​လုံး​ညည်း​တွား​သံ​ကို ပြု​တော်​မူ​လျက်၊ ဤ​လူ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမ​ပြ​ရ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


ရောက်​သော​အ​ခါ တွင်း​ဝ၌ ပိတ်​သော​ကျောက်​သည် လိမ့်​လှန်​လျက်​ရှိ​သည်​ကို တွေ့​မြင်၍ အ​တွင်း​သို့​ဝင်​သော်၊-


မာ​ရိ​မှ​စ၍ လိုက်​လာ​သော​ယု​ဒ​လူ​တို့​သည် ငို​ကြွေး​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​တော်​မူ​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​ရှိ၍၊-


ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၊ မိုး​မ​လင်း​မီ စော​စော​အ​ချိန်၌ မာ​ဂ​ဒ​လ​မာ​ရိ​သည် သင်္ချိုင်း​တော်​သို့ သွား၍ တွင်း​ဝ၌​ပိတ်​သော ကျောက်​သည် ရွှေ့​လျက်​ရှိ​သည်​ကို မြင်​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ