သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်းကို မပြု။ သူ၏ အသံကို လမ်းများတွင် မည်သူမျှ ကြားရလိမ့်မည်မဟုတ်။
ရှင်မာကု 9:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ ယခု သင်တို့မြင်တွေ့ခဲ့ရသော အရာကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု မှာကြားတော်မူ၏။ Common Language Bible ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်ကိုယ်တော် က ``သင်တို့တွေ့မြင်ခဲ့သည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။ Garrad Bible တောင် ပေါ် က ဆင်း လာ ကြ စဉ် သူ သေ တို့ အ ထဲ မှ လူ့ သား မ ရှင် ပြန် မ ထ မြောက် မီ မြင် ခဲ့ ရာ များ ကို မည် သူ့ အား မျှ မ ကြား မ ပြော စေ ရန် မှာ ထား တော် မူ သ ဖြင့်၊ Judson Bible တောင်ပေါ်မှ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ မြန်မာ တောင်ပေါ်မှ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- |
သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်းကို မပြု။ သူ၏ အသံကို လမ်းများတွင် မည်သူမျှ ကြားရလိမ့်မည်မဟုတ်။
ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများလက်တွင် ဒုက္ခများစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူမည်ဟူသောအကြောင်းအရာများကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
“အရှင်မင်းကြီး… ထိုလှည့်ဖြားသူအသက်ရှင်စဉ်အခါက ‘ငါသည် သုံးရက်ကြာပြီးနောက် သေခြင်းမှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါ၏။
ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ သူ့အားကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါပျောက်ကင်းကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။
ထိုအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောရန် ယေရှုသည် သူတို့အား တင်းကျပ်စွာ သတိပေးတော်မူပြီးနောက် ထိုမိန်းကလေးကို စားစရာကျွေးရန် မိန့်တော်မူ၏။
ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောရန် ကိုယ်တော်သည် လူတို့ကို မှာကြားတော်မူ၏။ သို့သော်လည်း ထိုသို့ မှာကြားတော်မူလေ၊ သူတို့သည် သတင်းတော်ကို ပြောကြလေဖြစ်၏။
ထို့ကြောင့် တပည့်တော်တို့သည် ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောကြပေ။ သို့သော် သေခြင်းမှ ထမြောက်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်းဟုသာ အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။
ရုတ်တရက် တပည့်တော်တို့သည် ဘေးပတ်လည်သို့ ကြည့်သော် သူတို့နှင့်အတူ ယေရှုမှလွဲ၍ မည်သူ့ကိုမျှ မမြင်ကြတော့ပေ။
ယေရှုက “ကျမ်းစာတော်တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူမည်။
ထိုအသံတော် ထွက်ပေါ်ပြီးနောက် ယေရှုကိုသာ တွေ့မြင်ကြရ၏။ တပည့်တော်တို့သည် တွေ့မြင်သမျှတို့ကို ထိုကာလပတ်လုံး မည်သူ့ကိုမျှ ပြန်မပြောဘဲ လျှို့ဝှက်ထားကြ၏။