ထိုအခါ ပေတရုသည် ယေရှုအား သီးခြားခေါ်၍ “သခင်… ထိုသို့မဖြစ်ပါစေနှင့်။ ဤအဖြစ်သည် သခင့်ထံ၌ လုံးဝမကျရောက်စေရ” ဟု ဆိုကာ အပြစ်တင်သောစကားကို လျှောက်လေ၏။
ရှင်မာကု 8:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ပွင့်လင်းစွာ ဖော်ပြတော်မူသောအခါ ပေတရုသည် ကိုယ်တော်အား သီးခြားခေါ်၍ အပြစ်တင်သောစကားကို လျှောက်လေ၏။ Common Language Bible ဤသွန်သင်ချက်ကိုကိုယ်တော်သည်ပွင့်လင်းစွာ မိန့်ကြားတော်မူသတည်း။ ထို့ကြောင့်ပေတရု သည် ကိုယ်တော်ကိုနေရာတစ်ခုသို့ပင့်ခေါ်ပြီး လျှင်အပြစ်တင်စကားလျှောက်လေသည်။- Garrad Bible ပေ တ ရု သည် ကိုယ် တော် ကို ပင့် ခေါ် လျက် ဆုံး မ မည် ပြု သော်၊ Judson Bible ထိုသို့ အတည့်အလင်း ပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ်တင်သောစကားကို လျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ထိုအကြောင်းအရာကို အတိအလင်းမိန့်တော်မူသောအခါ ပေတရုသည် ကိုယ်တော်ကို ဘေးဘက်သို့ခေါ်၍ ပြစ်တင်ပြောဆိုလေ၏။ မြန်မာ ထိုသို့ အတည့်အလင်း ပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ်တင်သောစကားကို လျှောက်သော်၊- |
ထိုအခါ ပေတရုသည် ယေရှုအား သီးခြားခေါ်၍ “သခင်… ထိုသို့မဖြစ်ပါစေနှင့်။ ဤအဖြစ်သည် သခင့်ထံ၌ လုံးဝမကျရောက်စေရ” ဟု ဆိုကာ အပြစ်တင်သောစကားကို လျှောက်လေ၏။
ယေရှုသည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်အား နှိုးပြီးလျှင် “ဆရာတော်… အကျွန်ုပ်တို့ရေနစ်သေရတော့မည်ကို ဂရုမစိုက်ဘဲနေတော်မူသလော” ဟု အော်ဟစ်၍ လျှောက်ကြ၏။
သို့သော် မာသသည် ညစာဧည့်ခံခြင်းအမှုများကြောင့် အလွန်စိတ်ပူပန်၍ ယေရှုအနားသို့ ချဉ်းကပ်လျက် “သခင်… ကျွန်မ၏ညီမသည် ဧည့်ဝတ်ပြုရန် ကျွန်မကိုသာ ပစ်ထားခဲ့သည်ကို လျစ်လျူရှုတော်မူပါသလော။ ကျွန်မအား ကူညီပေးရန် မိန့်တော်မူပါ” ဟု လျှောက်လေ၏။
ဂျူးလူမျိုးတို့သည် ယေရှုထံတော်သို့ စုဝေးလာ၍ “သင်သည် မည်မျှကြာသည်အထိ ငါတို့ကို ဝေခွဲဆုံးဖြတ်ရခက်စေမည်နည်း။ အကယ်၍ သင်သည် ခရစ်တော်မှန်လျှင် ငါတို့ကို အတိအလင်းပြောပါ” ဟု ဆိုကြ၏။
ဤအကြောင်းအရာများကို ပုံဆောင်တင်စား၍ ငါဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်တင်စားရန် မလိုဘဲ ခမည်းတော်၏အကြောင်းမှန်သမျှကို ရှင်းလင်းစွာ ငါဖော်ပြမည့်အချိန် ရောက်လာလိမ့်မည်။
ထိုအခါ တပည့်တော်တို့က “ကိုယ်တော်သည် ယခုတွင် ပုံဥပမာမဆောင်ဘဲ ရှင်းလင်းစွာ မိန့်တော်မူ၏။
ယေရှုက “ငါသည် ဤလောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ လူအပေါင်းတို့သည် ငါသွန်သင်သမျှကို သိကြ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာဖြစ်သော ဝတ်ပြုဆောင်များနှင့် ဗိမာန်တော်၌ အစဉ်အမြဲဟောပြောသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပါ။