Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 8:32 - မြန်မာ

32 ထို​သို့ အ​တည့်​အ​လင်း ပြ​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်၍ အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 ဤ​သွန်​သင်​ချက်​ကို​ကိုယ်​တော်​သည်​ပွင့်​လင်း​စွာ မိန့်​ကြား​တော်​မူ​သ​တည်း။ ထို့​ကြောင့်​ပေ​တ​ရု သည် ကိုယ်​တော်​ကို​နေ​ရာ​တစ်​ခု​သို့​ပင့်​ခေါ်​ပြီး လျှင်​အ​ပြစ်​တင်​စ​ကား​လျှောက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ပေ တ ရု သည် ကိုယ် တော် ကို ပင့် ခေါ် လျက် ဆုံး မ မည် ပြု သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ထို​သို့ အ​တည့်​အ​လင်း ပြ​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်၍ အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ကိုယ်တော်​သည် ထို​အကြောင်းအရာ​ကို အတိအလင်း​မိန့်​တော်မူ​သောအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ထိုသို့ ပွင့်လင်း​စွာ ဖော်ပြတော်မူ​သောအခါ ပေတရု​သည် ကိုယ်တော်​အား သီးခြား​ခေါ်​၍ အပြစ်တင်သော​စကား​ကို လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 8:32
9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ ခေါ်၍၊ သ​ခင်၊ ကိုယ်​တော်၌ ဤ​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ဤ​အ​မှု​သည် ကိုယ်​တော်၌ မ​ရောက်​ရာ​ဟု အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-


ကိုယ်​တော်​သည် ပဲ့၌ ခေါင်း​အုံး​ပေါ်​မှာ ကျိန်း​စက်၍ နေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို နှိုး​ပြီး​မှ၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ သ​လော​ဟု လျှောက်​ကြ​သော်၊-


မာ​သ​မူ​ကား၊ လုပ်​ကျွေး​ခြင်း​အ​မှု​များ၌ စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သ​ခင်၊ ကျွန်​မ၏​ညီ​မ​သည်၊ ကျွန်​မ​တစ်​ယောက်​တည်း လုပ်​ကျွေး​စေ​ခြင်း​ငှာ ကျွန်​မ​ကို ပစ်​ထား​သည်​အ​ရာ​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ​သ​လော။ သူ​သည် ကျွန်​မ​ကို ကူ​ညီ​မည့်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊-


ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​တို့​ကို ယုံ​မှား​စေ​မည်​နည်း။ ခ​ရစ်​တော်​မှန်​လျှင် အ​တည့်​အ​လင်း​ပြော​ပါ​ဟု ဆို​ကြ၏။-


ထို​ကြောင့်​ယေ​ရှု​က၊ လာ​ဇ​ရု​သေ​ပြီ။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊-


ဤ​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် ငါ​ဟော​ပြော၏။ ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​မ​ပြော​ဘဲ၊ ခ​မည်း​တော်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​အား အ​တည့်​အ​လင်း​ဖော်​ပြ​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-


တ​ပည့်​တော်​တို့​က​လည်း၊ ကိုယ်​တော်​သည် ယ​ခု​တွင်​ပုံ​ဥ​ပ​မာ​ကို​မ​ဆောင်​ဘဲ အ​တည့်​အ​လင်း ဟော​ပြော​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ