Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 10:40 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 သို့သော် မာသ​သည် ညစာ​ဧည့်ခံခြင်း​အမှုများ​ကြောင့် အလွန်​စိတ်ပူပန်​၍ ယေရှု​အနား​သို့ ချဉ်းကပ်​လျက် “သခင်… ကျွန်မ​၏​ညီမ​သည် ဧည့်ဝတ်ပြု​ရန် ကျွန်မ​ကိုသာ ပစ်ထားခဲ့သည်​ကို လျစ်လျူရှုတော်မူပါသလော။ ကျွန်မ​အား ကူညီပေး​ရန် မိန့်တော်မူပါ” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 မာ​သ​မူ​ကား​ဧည့်​သည်​ဝတ်​ဖြင့်​ဗျာ​များ​နေ​ရ သ​ဖြင့်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပြီး​လျှင် ``အ​ရှင် ဘု​ရား၊ ကျွန်​မ​၏​ညီ​မ​သည်​လုပ်​ကျွေး​မှု​တာ​ဝန် ရှိ​သ​မျှ​ကို​ကျွန်​မ​တစ်​ယောက်​တည်း​အား ဆောင် ရွက်​စေ​သည်​ကို​ကိုယ်​တော်​ရှင်​လျစ်​လူ​ရှု​တော် မူ​ပါ​သ​လော။ ကျွန်​မ​ကို​ကူ​ညီ​စေ​ရန်​သူ့ အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 မာသ မူ ကား ဝေ ယျာ ဝ စ္စ ဆောင် ရွက် မှု နှောင့် ရှက် သ ဖြင့် ကိုယ် တော့် ထံ ချဉ်း ကပ် ပြီး လျှင် အ ရှင် ဘု ရား၊ တ ပည့် တော် မ တစ် ယောက် တည်း ဆောင် ရွက် ရန် ညီ မ ပစ် ထား သည် ကို ဂ ရု ပြု တော် မ မူ လော။ တ ပည့် တော် မ အား ကူ ညီ စေ ရန် အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 မာ​သ​မူ​ကား၊ လုပ်​ကျွေး​ခြင်း​အ​မှု​များ၌ စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သ​ခင်၊ ကျွန်​မ၏​ညီ​မ​သည်၊ ကျွန်​မ​တစ်​ယောက်​တည်း လုပ်​ကျွေး​စေ​ခြင်း​ငှာ ကျွန်​မ​ကို ပစ်​ထား​သည်​အ​ရာ​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ​သ​လော။ သူ​သည် ကျွန်​မ​ကို ကူ​ညီ​မည့်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 မာသ​မူကား ဧည့်ခံ​ခြင်း​အမှု​များ​ကြောင့် စိတ်​ပူပန်​သဖြင့် အထံ​တော်​သို့​ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ကျွန်မ​၏​ညီမ​သည် ကျွန်မ​တစ်ဦးတည်း​သာ ဧည့်ဝတ်​ပြု​ရန်​ပစ်​ထား​ခဲ့​သည်​ကို ကိုယ်တော်​ဂရုမစိုက်​ဘဲ​နေ​တော်မူ​သလော။ ကျွန်မ​ကို​ကူညီ​ရန် သူ့​အား အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

40 မာ​သ​မူ​ကား၊ လုပ်​ကျွေး​ခြင်း​အ​မှု​များ၌ စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သ​ခင်၊ ကျွန်​မ၏​ညီ​မ​သည်၊ ကျွန်​မ​တစ်​ယောက်​တည်း လုပ်​ကျွေး​စေ​ခြင်း​ငှာ ကျွန်​မ​ကို ပစ်​ထား​သည်​အ​ရာ​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ​သ​လော။ သူ​သည် ကျွန်​မ​ကို ကူ​ညီ​မည့်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 10:40
12 ပူးပေါင်းရင်းမြစ်များ  

ညနေခင်း​ရောက်​သောအခါ တပည့်တော်တို့​သည် အထံတော်သို့​ချဉ်းကပ်​၍ “ဤ​နေရာ​သည် လူသူကင်းဝေးသော​အရပ်​ဖြစ်ပြီး မိုး​လည်း​ချုပ်ပါတော့မည်။ လူတို့​သည် မြို့ရွာများ​သို့ သွား​၍ စားစရာများ​ဝယ်ယူ​နိုင်ရန် သူတို့​အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။


ထိုအခါ ပေတရု​သည် ယေရှု​အား သီးခြား​ခေါ်​၍ “သခင်… ထိုသို့​မဖြစ်ပါစေနှင့်။ ဤ​အဖြစ်​သည် သခင့်​ထံ၌ လုံးဝ​မကျရောက်စေရ” ဟု ဆို​ကာ အပြစ်တင်သော​စကား​ကို လျှောက်လေ၏။


ကိုယ်တော်​၏ မိသားစုဝင်တို့​သည် ဖြစ်ပျက်သမျှ​ကို ကြား​လျှင် ကိုယ်တော်​ကို ထိန်းချုပ်​ရန် ရောက်လာကြ၏။ သူတို့​က “သူ​သည် စိတ်ဖောက်ပြန်နေပြီ” ဟု ဆိုကြ၏။


ယေရှု​နှင့် တပည့်တော်တို့​သည် ဂျေရုဆလင်မြို့​သို့ ခရီးသွားကြ​စဉ် ယေရှု​သည် ရွာ​တစ်ရွာ​သို့ ဝင်​တော်မူ၏။ ထို​ရွာ​မှ မာသ​ဟု ခေါ်သော​အမျိုးသမီး​သည် ယေရှု​ကို မိမိ​အိမ်​သို့ ကြိုဆိုဧည့်ခံလေ၏။


ယေရှု​ကလည်း “အို မာသ… မာသ… သင်​သည် အလုပ်များ​ကြောင့် စိုးရိမ်ပူပန်​လျက် နှောင့်ယှက်ခြင်း​ကို ခံရလေပြီ။


မည်သည့်​အရာ​ကို စားရ​မည်နည်း မည်သည့်​အရာ​ကို သောက်ရ​မည်နည်း​ဟူ၍ မတွေးတောကြနှင့်။ ထို​အရာများ​အတွက် စိုးရိမ်ပူပန်ခြင်း​မရှိကြနှင့်။


သို့သော် ယေရှု​သည် လှည့်​၍ သူတို့​ကို ဆုံးမတော်မူ၏။


လာဇရု​အမည်​ရှိသော လူတစ်ဦး​သည် ဖျားနာ​လျက်​ရှိ၏။ သူ​သည် မာရိ​နှင့် မာသ​ဟု ခေါ်သော သူ​၏ အစ်မ​နှစ်ဦးတို့​နှင့်အတူ ဗေသနိရွာ​တွင်​နေထိုင်၏။


ယေရှု​သည် မာသ၊ မာရိ​နှင့် လာဇရု​တို့​ကို ချစ်တော်မူ၏။


လူတို့​သည် ယေရှု​အတွက် ညစာ​စားပွဲ​ကို ပြင်ဆင်ပေး​၍ မာသ​သည် ဧည့်ဝတ်ပြုလေ၏။ ယေရှု​နှင့်အတူ စားပွဲ​၌ ထိုင်နေသူများ​ထဲ​တွင် လာဇရု​လည်း ပါ၏။


ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ