ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော်လည်း အပြင်လူများအတွက်မှာမူ ပုံဥပမာဖြင့် ပြောပြရ၏။
ရှင်မာကု 8:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သင်တို့ကမူ ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။ Common Language Bible ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြပါသနည်း'' ဟုမေး တော်မူ၏။ ပေတရုက ``အရှင်သည်မေရှိယဖြစ်ပါ သည်'' ဟုဖြေဆိုလျှောက်ထား၏။ Garrad Bible သင် တို့ ကား ငါ သည် မည် သူ ဖြစ် သည် ဟု ဆို ကြ သ နည်း ဟူ၍ မေး တော် မူ ပြန် သည့် ကာ လ ပေ တ ရု က ကိုယ် တော် သည် ခ ရစ် တော် တည်း ဟု ပြန် လျှောက် ၏။ Judson Bible သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။ မြန်မာ သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- |
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော်လည်း အပြင်လူများအတွက်မှာမူ ပုံဥပမာဖြင့် ပြောပြရ၏။
ထိုအခါ ယေရှုက “သင်တို့သည်လည်း ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ဘုရားသခင်၏ခရစ်တော် ဖြစ်တော်မူ၏” ဟု လျှောက်လေ၏။
မာသကလည်း “ယုံကြည်ပါ၏ သခင်။ သခင်သည် ဘုရားသခင်ထံမှ ဤလောကသို့ ကြွလာတော်မူသော ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်း ကျွန်မယုံကြည်ပါ၏” ဟု လျှောက်လေ၏။
ထိုသူတို့က အမျိုးသမီးအား “ယခု ငါတို့ယုံကြည်ကြသည်မှာ သင့်စကားကြောင့်မဟုတ်တော့ဘဲ ငါတို့ကိုယ်တိုင် ကြားနာရသောကြောင့်ဖြစ်၏။ ဤအရှင်သည် ကမ္ဘာလောက၏ကယ်တင်ရှင် အမှန်ဖြစ်ကြောင်း ယခုငါတို့သိရပြီ” ဟု ဆိုကြ၏။
ရှိမုန်ပေတရုက “သခင်… အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ထာဝရအသက်ကို ပေးသောစကားသည် သခင့်ထံ၌သာရှိ၏။
ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်တော်မူကြောင်းကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။
ထိုသို့ ခရီးပြုစဉ်တွင် ရေရှိရာသို့ရောက်သော် အမတ်က “ဤနေရာ၌ ရေရှိပါ၏။ ကျွန်ုပ်ကို နှစ်ခြင်းမင်္ဂလာ မခံယူစေနိုင်ရန် တားဆီးသည့်အကြောင်း ရှိသလော” ဟု မေး၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
ထို့ကြောင့် ယုံကြည်သောသင်တို့အတွက် ဤကျောက်သည် ဂုဏ်သရေရှိ၏။ မယုံကြည်သောသူတို့အတွက်မှာမူ “တိုက်ဆောက်သူတို့ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက်ဖြစ်လာ၏” ဟု ဆို၏။
တစ်စုံတစ်ယောက်က ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ဝန်ခံလျှင် ဘုရားသခင်သည် ထိုသူနှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၍ သူသည်လည်း ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်၏။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။