တစ်နေ့တွင် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ယေရှုထံတော်သို့ ချဉ်းကပ်၍ “ဆရာတော်… အကျွန်ုပ်တို့အား နိမိတ်လက္ခဏာတစ်ခုကို ပြတော်မူပါ” ဟု လျှောက်ကြ၏။
ရှင်မာကု 8:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်ရောက်တော်မူကြောင်းကို ဖာရိရှဲတို့သည် ကြားသောအခါ လာ၍ ကိုယ်တော်နှင့် ငြင်းခုံဆွေးနွေးကြ၏။ သူတို့သည် ကိုယ်တော်ကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။ Common Language Bible ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။- Garrad Bible ထို အ ခါ ဖာ ရိ ရှဲ တို့ သည် ထွက် လာ၍ စုံ စမ်း ခြင်း ငှါ မေး မြန်း ပြော ဆို လျက် မိုး ကောင်း ကင် မှ နိ မိတ် လ က္ခ ဏာ ကို ကိုယ် တော့် ထံ တောင်း ကြ သော်၊ Judson Bible ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ငြင်းခုံပြောဆိုကြကာ ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။ မြန်မာ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- |
တစ်နေ့တွင် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ယေရှုထံတော်သို့ ချဉ်းကပ်၍ “ဆရာတော်… အကျွန်ုပ်တို့အား နိမိတ်လက္ခဏာတစ်ခုကို ပြတော်မူပါ” ဟု လျှောက်ကြ၏။
ဖာရိရှဲတချို့သည် စမ်းသပ်လိုသဖြင့် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူ၍ သွန်သင်တော်မူစဉ် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများတို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “သင်သည် ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေသနည်း။ ဤအခွင့်အာဏာကို မည်သူက ပေးသနည်း” ဟု မေးလျှောက်ကြ၏။
ထိုအခါ ဖာရိရှဲတို့သည် စုဝေးလျက် ယေရှုမိန့်တော်မူမည့် စကားတော်ထဲမှ အမှားကို ရှာ၍ ဖမ်းဆီးရန် တိုင်ပင်ကြ၏။
သို့သော်လည်း ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောအကြံအစည်ကို သိတော်မူသဖြင့် “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။
ထိုနေ့၌ပင် ဇဒ္ဒုကဲတို့သည် ယေရှုထံသို့ လာကြ၏။ ဇဒ္ဒုကဲတို့က သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ခံယူကြ၏။
အကျွန်ုပ်တို့သည် အခွန်ဆက်သသင့်သလော၊ မဆက်သင့်သလော” ဟု မေးလျှောက်ကြ၏။ ယေရှုသည် ထိုသူတို့၏ လှည့်ကွက်ကို သိမြင်တော်မူ၍ “သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။ ဒင်္ဂါးပြားတစ်ပြားကို ယူခဲ့လော့။ ငါပြောမည်” ဟု မိန့်တော်မူ၏။
ထိုသို့ ကိုယ်တော်သည် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်တော်မူသည်ကို ဖာရိရှဲအဖွဲ့ဝင် ကျမ်းတတ်ဆရာတို့ မြင်သောအခါ “သူသည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း” ဟု တပည့်တော်တို့အား မေးကြ၏။
တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
တချို့က ယေရှုကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကို ပြရန် တောင်းဆိုကြ၏။
ထိုအခါ ယေရှုက “သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို မမြင်ရလျှင် ယုံကြည်ကြမည် မဟုတ်” ဟု မိန့်တော်မူ၏။
ထိုအခါ သူတို့က “ဆရာတော်ကို ယုံကြည်စေလိုပါက အကျွန်ုပ်တို့အား နိမိတ်လက္ခဏာကို ပြတော်မူပါ။ မည်သည့် အမှုကို ပြုတော်မူမည်နည်း။
ငါတို့ခေါင်းဆောင်တို့နှင့် ဖာရိရှဲတို့တွင် သူ့ကို ယုံကြည်ခဲ့သူ တစ်စုံတစ်ဦးပင် ရှိသလော။
သူတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ထိုသို့ လျှောက်ထား၍ ထောင်ချောက်ဆင်ကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် အောက်သို့ငုံ့၍ မြေပြင်ပေါ်တွင် လက်ညှိုးတော်ဖြင့် ရေးခြစ်လျက်နေတော်မူ၏။
ထိုအခါ ပေတရုက သူ့အား “သင်တို့နှစ်ဦးစလုံးသည် အဘယ်ကြောင့် ထာဝရဘုရား၏ဝိညာဉ်တော်ကို လှည့်စားရန် သဘောတူ၍ ပူးပေါင်းကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သောသူတို့သည် တံခါးနားတွင် ရောက်နေကြပြီဖြစ်၍ သူတို့သည် သင့်ကိုလည်း သယ်ဆောင်ကြလိမ့်မည်” ဟု ဆို၏။
ထိုသူတို့ထဲမှ အချို့သောသူတို့သည် ခရစ်တော်ကို အကဲစမ်းသကဲ့သို့ ကျွန်ုပ်တို့သည် အကဲမစမ်းဘဲနေကြကုန်စို့။ ထိုသူတို့သည် အကဲစမ်းသောကြောင့် မြွေကိုက်၍ သေကြ၏။