မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ရှင်မာကု 7:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူ၏ပြင်ပမှ လာ၍ လူအတွင်းသို့ ဝင်သောအရာသည် လူကို မညစ်ညမ်းစေပါ။ သို့သော် လူ့စိတ်နှလုံးမှ ထွက်လာသောအရာများသည်သာ လူကို ညစ်ညမ်းစေ၏။ Common Language Bible လူ၏အပြင်အပမှဝင်သည့်အရာသည်လူကို မညစ်ညမ်းစေနိုင်။ အတွင်းမှထွက်သည့်အရာ သည်သာလူကိုညစ်ညမ်းစေနိုင်၏။- Garrad Bible ပြင် ပ က ဝင်၍ လူ ကို မ သန့် အောင် ပြု နိုင် သော အ ရာ မည် သည် မျှ မ ရှိ။ အ တွင်း မှ ထွက် သည့် အ ရာ များ သာ မ သန့် အောင် ပြု သည် ဟု မိန့် တော် မူ၏။ Judson Bible လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကို ညစ်ညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း လူ၏ပြင်ပမှ လူ့အထဲသို့ဝင်၍ လူကိုညစ်ညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။ လူ့အတွင်းမှထွက်လာသောအရာများကသာ လူကိုညစ်ညူးစေကြ၏။ မြန်မာ လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကို ညစ်ညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- |
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကို ခေါ်၍ “သင်တို့အားလုံးသည် ငါ့စကားကို နားထောင်၍ နားလည်ရန် ကြိုးစားကြလော့။
ပေတရုက “ဂျူးလူမျိုးတစ်ဦးသည် လူမျိုးခြားများထံ သွားရောက်လည်ပတ်ခြင်း သို့မဟုတ် သူတို့နှင့် ပြောဆိုဆက်ဆံခြင်း မပြုသင့်ကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညမ်းသောသူ မစင်ကြယ်သောသူဟု မခေါ်သင့်ကြောင်း ကျွန်ုပ်အားဘုရားသခင်ဖော်ပြထားခဲ့ပြီ။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
နှလုံးသားဖြူစင်သူတို့အတွက် အရာအားလုံးသည် စင်ကြယ်၏။ သို့သော် ညစ်ညူး၍ ခရစ်တော်ကို မယုံကြည်သူတို့အတွက် မည်သည့်အရာမျှ မစင်ကြယ်။ သူတို့၏ အတွေးအခေါ်နှင့် အသိစိတ်တို့သည် ညစ်ညူး၏။
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။
ထိုအရာတို့သည် အစားအသောက်များ၊ အမျိုးမျိုးသော စင်ကြယ်စေခြင်းဝတ်များဖြစ်၍ အပြင်ပိုင်းနှင့်ဆိုင်သော စည်းမျဉ်းများသာ ဖြစ်ကြ၏။ ၎င်းတို့သည် အသစ်ပြုပြင်တော်မူမည့်အချိန်အထိသာ တည်ရှိကြရ၏။