တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်၊ တချို့က ဧလိယ၊ တချို့က ယေရမိ၊ သို့မဟုတ် အခြားပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
ရှင်မာကု 6:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တချို့က “သူသည် ပရောဖက်ဧလိယဖြစ်သည်” ဟု ဆိုကြ၏။ တချို့က “သူသည် ရှေးပရောဖက်ကဲ့သို့သော ပရောဖက်တစ်ပါးဖြစ်သည်” ဟု ဆိုကြ၏။ Common Language Bible အချို့သူများက ``ယေရှုသည်ဧလိယဖြစ် ၏'' ဟုဆိုကြ၏။ အချို့သူများကမူ ``ယေရှုသည်ရှေးပရောဖက် များကဲ့သို့သောပရောဖက်တစ်ပါးဖြစ်၏'' ဟု ပြောဆိုကြ၏။- Judson Bible လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အချို့တို့ကလည်း “သူသည် ဧလိယဖြစ်၏”ဟု ဆိုကြပြီး အချို့တို့ကလည်း “ရှေးပရောဖက်များတစ်ပါးပါးကဲ့သို့သောပရောဖက်ဖြစ်၏”ဟု ဆိုကြ၏။ မြန်မာ လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။- |
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်၊ တချို့က ဧလိယ၊ တချို့က ယေရမိ၊ သို့မဟုတ် အခြားပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
ဟေရုဒ်မင်းသည် ယေရှု၏သတင်းတော်ကို ကြားသောအခါ “ငါခေါင်းဖြတ်၍ သတ်စေသော ယောဟန်သည် သေရာမှပြန်ရှင်ပြီ” ဟု ဆိုလေ၏။
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်၊ တချို့က ဧလိယ၊ တချို့က အခြားပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
သူသည် ဖခင်တို့နှင့် သားသမီးတို့ကို ပြန်လည်သင့်မြတ်စေရန်လည်းကောင်း၊ မနာခံသောသူတို့အား ဖြောင့်မတ်သောသူတို့၏ အသိဉာဏ်ကို ရရှိစေရန်လည်းကောင်း ဧလိယ၏ဝိညာဉ်နှင့် တန်ခိုးတို့ဖြင့် ပြည့်စုံလျက် ကိုယ်တော်၏ ရှေ့တော်ပြေးအဖြစ် သွားလိမ့်မည်။ ဤသည်မှာ ထာဝရဘုရားအတွက် ပြင်ဆင်ထားသောလူတို့ကို အသင့်ဖြစ်စေရန်ပင် ဖြစ်၏” ဟု ဆို၏။
လူအပေါင်းတို့သည်လည်း အံ့သြထိတ်လန့်၍ “ငါတို့အထဲတွင် ထူဆန်းသောပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအား အကူအညီပေးတော်မူရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်ဟု ဆိုကြ၏။ သို့သော် တချို့က ဧလိယဖြစ်သည်ဟု ဆိုကြ၍ တချို့က သေရာမှ ပြန်ရှင်လာသော ရှေးပရောဖက်တစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်” ဟု လျှောက်ကြ၏။
တချို့က ဧလိယပေါ်ထွန်းလေပြီဟူ၍ လည်းကောင်း၊ တချို့က ရှေးပရောဖက်တစ်ပါးပါး သေရာမှ ပြန်ရှင်လာသည်ဟူ၍ လည်းကောင်း ထင်မြင်ပြောဆိုကြသောကြောင့်ဖြစ်၏။
ထိုသူတို့က “သို့ဖြစ်လျှင် သင်သည် မည်သူနည်း။ ဧလိယလော” ဟု မေးကြ၏။ ယောဟန်က “မဟုတ်ပါ” ဟု ဖြေ၏။ သူတို့က “သင်သည် ငါတို့စောင့်မျှော်နေသောပရောဖက်လော” ဟု မေးကြပြန်လျှင် ယောဟန်က “မဟုတ်ပါ” ဟု ဖြေပြန်၏။
“သင်သည် ခရစ်တော်လည်းမဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာပေးသနည်း” ဟု မေးကြပြန်၏။
ဤသို့ ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို မြင်သောလူတို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။
ဤစကားတော်များကို ကြားသော် လူထုထဲမှတချို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက်ဖြစ်သည်” ဟု ပြောဆိုကြ၏။
ဖာရိရှဲတို့က ထိုမျက်မမြင်ဖြစ်ခဲ့ဖူးသူအား “သင့်ကို မျက်စိမြင်အောင် သူသည် ပြုခဲ့သည်ဖြစ်၍ သင်ပြောလော့။ သူသည် မည်သို့သောသူ ဖြစ်မည်နည်း” ဟု ထပ်မံ၍ မေးကြ၏။ ထိုသူကလည်း “သူသည် ပရောဖက်တစ်ပါး ဖြစ်သည်” ဟု ဖြေလေ၏။