Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 6:15 - မြန်မာ

15 လူ​အ​ချို့​က၊ ဤ​သူ​သည် ဧ​လိ​ယ​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က၊ ရှေး​ပ​ရော​ဖက်​ကဲ့​သို့ ပ​ရော​ဖက်​ဖြစ်​သည်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 အ​ချို့​သူ​များ​က ``ယေ​ရှု​သည်​ဧ​လိ​ယ​ဖြစ် ၏'' ဟု​ဆို​ကြ​၏။ အ​ချို့​သူ​များ​က​မူ ``ယေ​ရှု​သည်​ရှေး​ပ​ရော​ဖက် များ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​၏'' ဟု ပြော​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 လူ​အ​ချို့​က၊ ဤ​သူ​သည် ဧ​လိ​ယ​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က၊ ရှေး​ပ​ရော​ဖက်​ကဲ့​သို့ ပ​ရော​ဖက်​ဖြစ်​သည်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အချို့​တို့​က​လည်း “သူ​သည် ဧလိယ​ဖြစ်​၏”​ဟု ဆို​ကြ​ပြီး အချို့​တို့​က​လည်း “ရှေး​ပရောဖက်​များ​တစ်ပါးပါး​ကဲ့သို့သော​ပရောဖက်​ဖြစ်​၏”​ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သို့သော် တချို့​က “သူ​သည် ပရောဖက်​ဧလိယ​ဖြစ်သည်” ဟု ဆိုကြ၏။ တချို့​က “သူ​သည် ရှေး​ပရောဖက်​ကဲ့သို့သော ပရောဖက်​တစ်ပါး​ဖြစ်သည်” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 6:15
19 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-


လူ​အ​စု​အ​ဝေး​တို့​က၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ပေါ်​ထွန်း​သော ပ​ရော​ဖက်​ယေ​ရှု​ပေ​တည်း​ဟု ပြော​ဆို​ကြ၏။


ဟေ​ရုဒ်​သည် ကြား​လျှင်၊ ဤ​သူ​ကား ငါ၏​အ​မိန့်​နှင့် လည်​ပင်း​ကို​ဖြတ်​သော ယော​ဟန်​ဖြစ်၏။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ​ဟု ဆို​လေ၏။-


လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ပ​ရော​ဖက်​တစ်​ပါး​ပါး ဖြစ်​သည်​ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-


အ​ဘ​တို့​နှင့် သား​တို့​ကို အ​သင့်​အ​တင့် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ဆန်​သော​သူ​တို့​ကို သူ​တော်​ကောင်း​တို့၏ သ​တိ​ပ​ညာ​လမ်း​သို့ ပြောင်း​လဲ​စေ​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ ပြင်​ဆင်​သော​လူ​မျိုး ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​သည်​ဧ​လိ​ယ၏ စိတ်​ဝိ​ညာဉ်​တန်​ခိုး​နှင့်​ပြည့်​စုံ​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်​သို့ သွား​လိမ့်​မည်​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။-


လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍၊ ကြီး​စွာ​သော​ပ​ရော​ဖက်​သည် ငါ​တို့​တွင်​ပေါ်​ထွန်း​ပြီ။ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ ဟူ၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-


ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။


လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ရှေး​ပ​ရော​ဖက် တစ်​ပါး​ပါး​ထ​ပြန်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-


အ​ချို့​က ဧ​လိ​ယ​ပေါ်​ထွန်း​ပြီ​ဟု ဆို​ကြ၏။ အ​ချို့​က ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး ထ​ပြန်​ပြီ​ဟု ဆို​ကြ၏။-


ထို​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ဖြစ်​သ​လော​ဟု မေး​မြန်း​ပြန်၏။ ယော​ဟန်​က၊ ငါ​သည် ဧ​လိ​ယ​မ​ဟုတ်​ဟု ဆို၏။ ဤ​မည်​သော ပ​ရော​ဖက်​ဖြစ်​သ​လော​ဟု မေး​ပြန်​လျှင်၊ မ​ဟုတ်​ဟု ဆို​ပြန်၏။-


ထို​သူ​တို့​က​လည်း၊ သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​မ​ဟုတ်၊ ဤ​မည်​သော ပ​ရော​ဖက်​မ​ဟုတ်​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို​ပေး​သ​နည်း​ဟု မေး​ပြန်​ကြ၏။-


ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-


စ​ကား​တော်​ကို ကြား​သော​လူ​အ​များ​တို့​က၊ ဤ​သူ​သည် လာ​လ​တ္တံ့​သော​ပ​ရော​ဖက် အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-


တစ်​ဖန် မျက်​စိ​ကန်း​ဖူး​သော​သူ​အား၊ သင်၏​မျက်​စိ​ကို ဖွင့်​သော​သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း​ဟု မေး​ကြ​လျှင်၊ ပ​ရော​ဖက်​ဖြစ်​သည်​ဟု​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ