ခွန်အားကြီးသောသူကို ဦးစွာ မချည်နှောင်ဘဲ သူ၏ အိမ်သို့ ဝင်၍ ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ ထိုသူထက် ခွန်အားကြီးသော တစ်စုံတစ်ယောက်က သူ့ကို ချည်နှောင်ပြီးမှသာ သူ၏ အိမ်ကို ဖောက်ထွင်းလုယူနိုင်မည်။
ရှင်မာကု 5:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုထံသို့ ထိုသူတို့ ရောက်သောအခါ လေဂေါင်နတ်ဆိုးပူးခံရသူသည် အဝတ်ကိုဝတ်ထားလျက် လူကောင်းပကတိစိတ်ဖြင့် ထိုင်နေသည်ကို တွေ့မြင်ကြလျှင် ကြောက်ရွံ့ကြ၏။ Common Language Bible သူတို့သည်သခင်ယေရှုထံသို့ရောက်ရှိကြ သောအခါ လေဂေါင်နတ်ပူးဝင်ခဲ့သူသည် အဝတ် ကိုဝတ်ဆင်ကာလူကောင်းပကတိအဖြစ်ထိုင် နေသည်ကိုမြင်လျှင်ကြောက်ကြ၏။- Garrad Bible ယေ ရှု ထံ တော် သို့ ရောက် ရာ နတ် သောင်း တပ် ပူး ဖူး သူ သည် အ ဝတ် ဝတ် ဆင် လျက် စိတ် ကောင်း ပြန် လျက် ထိုင် နေ သည် ကို မြင် သော် ကြောက် ရွံ့ ကြ၏။ Judson Bible အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုထံသို့ရောက်လာကြသောအခါ လေဂေါင်စွဲခဲ့သည့် နတ်ဆိုးပူးသူသည် အဝတ်ဝတ်ထားကာ ပကတိစိတ်ရှိလျက်ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။ မြန်မာ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- |
ခွန်အားကြီးသောသူကို ဦးစွာ မချည်နှောင်ဘဲ သူ၏ အိမ်သို့ ဝင်၍ ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ ထိုသူထက် ခွန်အားကြီးသော တစ်စုံတစ်ယောက်က သူ့ကို ချည်နှောင်ပြီးမှသာ သူ၏ အိမ်ကို ဖောက်ထွင်းလုယူနိုင်မည်။
ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။
ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။
ယေရှုကလည်း နတ်ဆိုးကို နှင်ထုတ်တော်မူသဖြင့် ထိုဆွံ့အသူသည် စကားပြောလေ၏။ လူထုပရိသတ်တို့သည် အံ့ဩ၍ “အစ္စရေးလူမျိုးတွင် ဤကဲ့သို့သော အဖြစ်အပျက်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးပါ” ဟု ပြောဆိုကြ၏။
ဝက်ကျောင်းသောသူတို့သည် ပြေး၍ ထိုသတင်းကို မြို့ရွာတို့တွင် ပြောပြကြ၏။ ထို့ကြောင့် လူတို့က မည်သို့ဖြစ်ပျက်သည်ကို ကြည့်ရန် ထွက်လာကြ၏။
နတ်ဆိုးပူးခံရသူနှင့် ဝက်တို့၏ အဖြစ်အပျက်ကို တွေ့မြင်ခဲ့ကြသောသူများက အခြားသူတို့အား ပြောကြ၏။
ယေရှုသည် လှေပေါ်သို့ တက်တော်မူလျှင် နတ်ဆိုးပူးခံခဲ့ရသူက ကိုယ်တော်နှင့်အတူ လိုက်ပါခွင့်ပြုရန် တောင်းပန်လေ၏။
အဘယ်ကြောင့်ဆိုသော် သူသည် သံခြေချင်းများ၊ သံကြိုးများဖြင့် မကြာခဏ ချည်နှောင်ထားခြင်းခံရသော်လည်း သံကြိုးကိုဖြတ်၍ သံခြေချင်းများကို အပိုင်းပိုင်းရိုက်ဖျက်တတ်သောကြောင့် ဖြစ်၏။ မည်သူမျှ သူ့ကို မထိန်းချုပ်နိုင်ပေ။
ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးလျှင် ထိုသူက “အကျွန်ုပ်၏ နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤလူအထဲ၌ အကျွန်ုပ်တို့သည် များစွာရှိနေသောကြောင့်ဖြစ်သည်” ဟု ပြန်လျှောက်၏။
မာသတွင် မာရိဟု ခေါ်သော ညီမတစ်ဦးရှိ၏။ မာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်လျက် ဟောပြောသမျှကို နားထောင်လေ၏။
ယေရှုသည် ကမ်းပေါ်သို့ ကြွတော်မူသောအခါ နတ်ဆိုးပူးသောမြို့သားတစ်ဦးသည် ယေရှုနှင့် တွေ့ရန်လာ၏။ ထိုသူသည် နှစ်ပေါင်းများစွာ အိမ်တွင်မနေဘဲ အဝတ်ဗလာနှင့် သင်္ချိုင်းဂူများတွင် နေလေ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်၏ အုပ်စိုးမှုထဲမှ ကယ်တင်၍ မိမိချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူရဲဘောကြောင်သောစိတ်ကို ပေးတော်မမူဘဲ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သောစိတ်တို့ကို ပေးတော်မူသောကြောင့်ဖြစ်၏။