မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
ရှင်မာကု 3:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်သို့ ကြွတော်မူလျှင် လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြ၏။ ထိုသူတို့သည် ဂါလိလဲပြည်မှစ၍ ယုဒပြည်၊ Common Language Bible သခင်ယေရှုသည်တပည့်တော်များနှင့်အတူ ဂါလိ လဲအိုင်သို့ကြွတော်မူ၏။ ထိုအခါဂါလိလဲပြည် မှလည်းကောင်း၊ ယေရုရှလင်မြို့နှင့်တကွယုဒ ပြည်၊ ဣဒုမဲပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်း မှလည်းကောင်း၊ တုရုနှင့်ဇိဒုန်မြို့ပတ်ဝန်းကျင် အရပ်များမှလည်းကောင်းများစွာသောလူတို့ သည် ကိုယ်တော်ပြုတော်မူသည့်အမှုအရာများ အကြောင်းကိုကြားသိကြသဖြင့်ကိုယ်တော် နောက်သို့လိုက်ကြကုန်၏။- Garrad Bible ထို နောက် ယေ ရှု သည် တ ပည့် တော် တို့ နှင့် တ ကွ အိုင် သို့ ထွက် ကြွ တော် မူ သော် ဂါ လိ လဲ နယ် မှ ကြီး စွာ သော လူ ပ ရိတ် သတ် လိုက် ကြ သည့် ပြင်၊ Judson Bible ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ပင်လယ်ဘက်သို့ထွက်ခွာသွားတော်မူရာ ဂါလိလဲနယ်မှ လူအမြောက်အမြားတို့သည် လိုက်လာကြ၏။ ထို့ပြင် ယုဒနယ်၊ မြန်မာ ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊- |
မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
သို့သော်လည်း ယေရှုက မိမိမည်သူဖြစ်ကြောင်းကို မဖော်ပြရန် သူတို့အား သတိပေးတော်မူ၏။
ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ဂျေရုဆလင်မြို့၊ ယုဒပြည်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူအုပ်ကြီးသည် ယေရှုနောက်တော်သို့ လိုက်ကြ၏။
ဤသို့ဖြင့် ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
သို့သော်လည်း ထိုသူသည် သွား၍ ထိုသတင်းကို နေရာအနှံ့ပြောလျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှုသည် မြို့ထဲသို့ ထင်ရှားစွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသောအရပ်တို့တွင်သာ နေတော်မူ၏။ ထိုအခါ နေရာအသီးသီးမှ လူတို့သည် ကိုယ်တော်ထံသို့ ရောက်လာကြ၏။
ထို့နောက် ယေရှုသည် အိမ်သို့ ဝင်တော်မူလျှင် လူထုပရိသတ်တို့သည် ထပ်မံစုဝေးလာကြ၏။ ထို့ကြောင့် ကိုယ်တော်နှင့် တပည့်တော်တို့သည် အစာစားချိန်ပင် မရကြပေ။
တစ်ဖန် ယေရှုသည် အိုင်နံဘေး၌ ဟောပြောသွန်သင်တော်မူ၏။ အလွန်များပြားလှသောလူအုပ်ကြီးသည် ကိုယ်တော့်အနားသို့ စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
သို့သော် သူတို့က “ဤသူသည် ဂါလိလဲပြည်မှစ၍ ဤဒေသထိတိုင်အောင် ယုဒပြည်တစ်လျှောက်လုံး ဟောပြောသွန်သင်၍ လူတို့ကို ရုန်းရင်းဆန်ခတ်ဖြစ်စေပါသည်” ဟု ပို၍ပြင်းထန်စွာ ပြောဆိုကြ၏။
ထိုနေ့ရက်များ၌ ကိုယ်တော်သည်ဆုတောင်းရန် တောင်ပေါ်သို့တက်ကြွတော်မူ၍ တစ်ညလုံးဘုရားသခင်ထံ ဆုတောင်းတော်မူ၏။
ထို့နောက် ယေရှုသည် သူတို့နှင့်အတူ တောင်ပေါ်မှဆင်း၍ မြေပြန့်နေရာသို့ ရောက်သောအခါ ရပ်တော်မူ၏။ ထိုနေရာတွင် တပည့်တော်စုကြီးအပါအဝင် ယုဒပြည်နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့မှလည်းကောင်း ရောက်လာကြသော လူအမြောက်အမြားရှိ၏။
အခြားသောသူများက “ဤသူသည် ခရစ်တော်ဖြစ်သည်” ဟု ဆိုကြ၏။ သို့သော် တချို့က “ခရစ်တော်သည် ဂါလိလဲပြည်မှ ပေါ်ထွန်းပါမည်လော။
ထိုသူတို့က “သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ ကျမ်းစာ၌ ရှာဖွေလေ့လာလော့။ ဂါလိလဲပြည်မှ မည်သည့်ပရောဖက်မျှ မပေါ်ထွန်းကြောင်းကို သင်သိရလိမ့်မည်” ဟု ဆိုကြ၏။
ထိုညတွင် ယုံကြည်သူတို့သည် ပေါလုနှင့်သိလတို့ကို ဗေရိမြို့သို့ ချက်ချင်းထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည် ဂျူးဝတ်ပြုဆောင်သို့ သွားကြ၏။
ထိုအခါ ယုံကြည်သူတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ပို့ဆောင်ကြ၏။ သို့ရာတွင် သိလနှင့်တိမောသေတို့သည် ထိုမြို့၌ နေရစ်ခဲ့ကြ၏။