တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီးဖြစ်သူကို နတ်ဆိုးမင်းဟု ခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ ဆိုးရွားစွာ ခေါ်ကြလိမ့်မည်။
ရှင်မာကု 3:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာများက “သူသည် နတ်ဆိုးမင်းဗေလဇေဗုလ ပူးနေသူဖြစ်၏။ ထိုနတ်ဆိုး၏တန်ခိုးဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။ Common Language Bible ယေရုရှလင်မြို့မှရောက်လာကြသောကျမ်းတတ် ဆရာများက ``ကိုယ်တော်သည်ဗေလဇေဗုလ နတ်မိစ္ဆာစွဲကပ်သူဖြစ်သည်။ ထိုနတ်မိစ္ဆာဘုရင် ကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်သည်'' ဟု ဆိုကြ၏။ Garrad Bible ယေ ရု ရှ လင် မြို့ မှ ရောက် လာ သော ကျမ်း တတ် ဆ ရာ တို့ က လည်း၊ ဗေ လ ဇေ ဗု လ နတ် ကပ် သည်။ ထို နတ် မင်း ကို မှီ ပြီး လျှင် နတ် များ ကို နှင် ထုတ် သည် ဟု ဆို ကြ သော်၊ Judson Bible ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့မှဆင်းလာသော ကျမ်းပြုဆရာတို့ကလည်း “သူ့ကို ဗေလဇေဗုလနတ်ပူးနေသည်”ဟူ၍လည်းကောင်း၊ “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြုလျက် နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟူ၍လည်းကောင်း ပြောဆိုကြ၏။ မြန်မာ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။- |
တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီးဖြစ်သူကို နတ်ဆိုးမင်းဟု ခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ ဆိုးရွားစွာ ခေါ်ကြလိမ့်မည်။
နှစ်ခြင်းဆရာယောဟန်သည် မသောက်မစားဘဲနေသည်ကို လူတို့က ‘သူသည်နတ်ဆိုးပူးသူဖြစ်သည်’ ဟု ဆိုတတ်ကြ၏။
သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
ထိုအခါ ဂျေရုဆလင်မြို့မှ ဖာရိရှဲနှင့် ကျမ်းတတ်ဆရာတချို့သည် ယေရှုထံတော်သို့ လာ၍
သို့သော် ဖာရိရှဲတို့က “သူသည် နတ်ဆိုးများကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်း၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ပြောဆိုကြ၏။
တစ်နေ့တွင် ဖာရိရှဲများနှင့် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာတချို့သည် ယေရှုထံတော်သို့လာရောက် စုဝေးကြ၏။
သို့သော် တချို့က “သူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ဆိုကြ၏။
တစ်နေ့၌ ယေရှုသည်ဟောပြောသွန်သင်လျက်ရှိနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်ရှိ ကျေးရွာအသီးသီးမှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများတို့သည် ထိုင်နေကြ၏။ အနာရောဂါပျောက်ကင်းစေနိုင်သော ဘုရားသခင်၏တန်ခိုးသည်လည်း ယေရှု၌ ရှိနေ၏။
ထိုကာလသည် ဆောင်းရာသီဖြစ်၏။ ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ဗိမာန်တော်ရည်စူးဆက်ကပ်သည့် အင်ကဲနိပွဲတော် ကျင်းပလျက်ရှိ၏။
လူထုက “သင်သည် နတ်ဆိုးပူးနေသောသူဖြစ်၏။ မည်သူသည် သင့်ကို သတ်ရန် ရှာကြံပါသနည်း” ဟု ဆိုကြ၏။
ဂျူးလူမျိုးတို့က “သင်သည် ရှမာရိလူမျိုးဖြစ်ပြီး နတ်ဆိုးပူးသောသူလည်းဖြစ်သည်ဟူ၍ ငါတို့ပြောဆိုကြသည်မှာ မှန်သည်မဟုတ်လော” ဟု ဆိုကြ၏။
ဂျူးလူမျိုးတို့က “သင်သည် နတ်ဆိုးပူးသောသူဖြစ်ကြောင်း ယခုငါတို့ သိပြီ။ အာဗြဟံနှင့် ပရောဖက်တို့သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်က ‘ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ’ ဟု ဆို၏။