Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 3:22 - မြန်မာ

22 ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း၊ သူ​သည် ဗေ​လ​ဇေ​ဗု​လ စွဲ​သော​သူ​ဖြစ်၏။ နတ်​ဆိုး​မင်း​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​ကြ​သော​ကျမ်း​တတ် ဆ​ရာ​များ​က ``ကိုယ်​တော်​သည်​ဗေ​လ​ဇေ​ဗု​လ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ်​သည်။ ထို​နတ်​မိစ္ဆာ​ဘု​ရင် ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ယေ ရု ရှ လင် မြို့ မှ ရောက် လာ သော ကျမ်း တတ် ဆ ရာ တို့ က လည်း၊ ဗေ လ ဇေ ဗု လ နတ် ကပ် သည်။ ထို နတ် မင်း ကို မှီ ပြီး လျှင် နတ် များ ကို နှင် ထုတ် သည် ဟု ဆို ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း၊ သူ​သည် ဗေ​လ​ဇေ​ဗု​လ စွဲ​သော​သူ​ဖြစ်၏။ နတ်​ဆိုး​မင်း​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ဂျေရုဆလင်​မြို့​မှ​ဆင်း​လာ​သော ကျမ်းပြု​ဆရာ​တို့​က​လည်း “သူ့​ကို ဗေလဇေဗုလ​နတ်​ပူး​နေ​သည်”​ဟူ၍​လည်းကောင်း၊ “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု​လျက် နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 သို့သော် ဂျေရုဆလင်မြို့​မှ ရောက်လာကြသော ကျမ်းတတ်ဆရာများ​က “သူ​သည် နတ်ဆိုးမင်း​ဗေလဇေဗုလ ပူးနေသူ​ဖြစ်၏။ ထို​နတ်ဆိုး​၏​တန်ခိုး​ဖြင့် နတ်ဆိုးတို့​ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 3:22
14 ပူးပေါင်းရင်းမြစ်များ  

တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။-


အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် မ​စား​မ​သောက်​ဘဲ လာ​သည်​ရှိ​သော်၊ သူ​တို့​က ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော​သူ ပါ​တ​ကား​ဟု ဆို​ကြ၏။-


ဖာ​ရိ​ရှဲ​တို့​သည် ကြား​လျှင်၊ ဤ​သူ​သည် နတ်​ဆိုး​မင်း​ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍​သာ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-


ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ချဉ်း​ကပ်​ပြီး​လျှင်၊-


ဖာ​ရိ​ရှဲ​တို့​က​လည်း၊ နတ်​ဆိုး​အ​ကြီး​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ပြော​ဆို​ကြ၏။-


ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​သည် အ​ထံ​တော်၌ စု​ဝေး၍၊-


အ​ချို့​တို့​က ဤ​သူ​သည် နတ်​ဆိုး​မင်း ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-


တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။-


ဆောင်း​ကာ​လ​ဖြစ်၍ အင်္ကဲ​နိ​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ခံ​ကြ​သော​အ​ခါ၊-


လူ​အ​စု​အ​ဝေး​က​လည်း၊ သင်​သည် နတ်​ဆိုး​စွဲ​သော​သူ​ဖြစ်၏။ သင့်​ကို သတ်​အံ့​သော​ငှာ အ​ဘယ်​သူ​ရှာ​ကြံ​သ​နည်း​ဟု ဆို​ကြ၏။-


ယု​ဒ​လူ​တို့​က​လည်း၊ သင်​သည် ရှ​မာ​ရိ​လူ​ဖြစ်၏။ နတ်​ဆိုး​စွဲ​သော​သူ​လည်း​ဖြစ်၏​ဟု ငါ​တို့​ပြော​သော​စ​ကား​သည် လျောက်​ပတ်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ၏။-


ယု​ဒ​လူ​တို့​က​လည်း၊ သင်၌​နတ်​ဆိုး​စွဲ​သည်​ကို ယ​ခု​ငါ​တို့​သိ​ကြ၏။ အာ​ဗြ​ဟံ​မှ​စ၍ ပ​ရော​ဖက်​တို့​သည် သေ​လွန်​ကြ​ပြီ။ သင်​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ