ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
ရှင်မာကု 3:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူများစွာကို ကျန်းမာစေတော်မူသဖြင့် ရောဂါဝေဒနာရှင်များက ယေရှုကို တို့ထိရန် တိုးဝှေ့ကြသောကြောင့်ဖြစ်၏။ Common Language Bible ကိုယ်တော်သည်များစွာသောလူမမာတို့ကို ကျန်းမာစေတော်မူခဲ့သဖြင့် ရောဂါရှိသူ ဟူသမျှသည်ကိုယ်တော်ကိုတို့ထိခွင့်ရရန် အထံတော်သို့တိုးဝှေ့၍လာကြ၏။- Judson Bible အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှာ တွန်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် လူများစွာတို့ကိုကျန်းမာစေခဲ့သည်ဖြစ်၍ ရောဂါဝေဒနာရှိသူအားလုံးတို့သည် ကိုယ်တော်ကိုတို့ထိနိုင်ရန် တိုးဝှေ့ကြ၏။ မြန်မာ အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှာ တွန်းကြ၏။- |
ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သနားစိတ်ရှိတော်မူသဖြင့် ဖျားနာသူများကို ကျန်းမာစေတော်မူ၏။
ထိုသူတို့သည် ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ရရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ယေရှုက “သမီး… သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့။ သင်၏ရောဂါ ပျောက်ကင်းပြီ” ဟု မိန့်တော်မူ၏။
လူတို့သည် ကိုယ်တော်ကြွတော်မူသည့် မြို့၊ ရွာ၊ ကျေးလက်ဒေသတိုင်း၌ မကျန်းမာသူများကို ဈေးအရပ်တို့တွင် ချထားကြ၏။ ထိုသူတို့က မကျန်းမာသူများအား ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ပေးရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
ယေရှုနှင့် တပည့်တော်တို့သည် ဗက်ဇဲဒမြို့သို့ ရောက်ကြ၏။ ထိုအခါ လူတချို့သည် မျက်မမြင်တစ်ဦးကို ယေရှုထံတော်သို့ ခေါ်ဆောင်ခဲ့ပြီးလျှင် လက်တော်နှင့် တို့ထိ၍ မျက်စိပြန်မြင်စေရန် တောင်းပန်ကြ၏။
ကိုယ်တော်သည် ထိုလှေနှစ်စင်းထဲမှ ရှိမုန်၏လှေပေါ်သို့ တက်၍ ရှိမုန်အား လှေကို ကမ်းနှင့် အနည်းငယ်ခွာပေးရန် မိန့်တော်မူ၏။ ထို့နောက် လှေထဲတွင် ထိုင်လျက် လူထုပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူ၏။
ယေရှုထံမှ တန်ခိုးထွက်၍ လူတို့ကို အနာရောဂါများမှ ကျန်းမာစေသောကြောင့် လူထုအပေါင်းတို့သည် ယေရှုကို တို့ထိရန် ကြိုးစားကြ၏။
ထိုအခါ ရောမတပ်မှူးတစ်ဦး၏အလွန်ယုံကြည်စိတ်ချရသော အစေခံတစ်ဦးသည် သေလုမြောပါး ဖျားနာလျက်ရှိ၏။
ထိုအချိန်တွင် ယေရှုသည် အနာရောဂါဝေဒနာသည်များနှင့် နတ်ဆိုးပူးသူများအား ကျန်းမာစေလျက် မျက်မမြင်များကိုလည်း ပြန်မြင်စေတော်မူ၏။
လူတို့သည် အနာရောဂါရှိသောသူများကို လမ်းနံဘေးသို့ သယ်ဆောင်လာ၍ ခုတင်နှင့် ဖျာပေါ်တွင် ထားကြ၏။ ဤသည်မှာ ပေတရုဖြတ်သွားသောအခါ တချို့လူနာများအပေါ်သို့ သူ၏အရိပ်ကျရောက်စေရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ သားအဖြစ် လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်၏” ဟု မိန့်တော်မူ၏။