Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 3:10 - မြန်မာ

10 အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ကိုယ်​တော်​သည်​များ​စွာ​သော​လူ​မ​မာ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​ခဲ့​သ​ဖြင့် ရော​ဂါ​ရှိ​သူ ဟူ​သ​မျှ​သည်​ကိုယ်​တော်​ကို​တို့​ထိ​ခွင့်​ရ​ရန် အ​ထံ​တော်​သို့​တိုး​ဝှေ့​၍​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား ကိုယ်တော်​သည် လူ​များစွာ​တို့​ကို​ကျန်းမာ​စေ​ခဲ့​သည်​ဖြစ်၍ ရောဂါ​ဝေဒနာ​ရှိ​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် တိုးဝှေ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် လူများစွာ​ကို ကျန်းမာစေတော်မူ​သဖြင့် ရောဂါဝေဒနာရှင်များ​က ယေရှု​ကို တို့ထိ​ရန် တိုးဝှေ့ကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 3:10
18 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။-


ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။


အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ​သာ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။


မြို့​ရွာ​ဇ​န​ပုဒ်​သို့ ရောက်​တော်​မူ​ရာ၌ မ​ကျန်း​မ​မာ​သော​သူ​တို့​ကို လမ်း​နား​မှာ​ထား၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။


ဗက်​ဇဲ​ဒ​မြို့​သို့ ရောက်​တော်​မူ​လျှင်၊ လူ​ကန်း​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ထို​သူ​ကို တို့​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-


ထို​လှေ​တို့​တွင် ရှိ​မုန်၏ လှေ​ထဲ​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ လှေ​ကို​ကမ်း​နား​မှာ အ​နည်း​ငယ်​ခွာ​ဖွင့်​စေ​ခြင်း​ငှာ ရှိ​မုန်​ကို အ​ခွင့်​တောင်း​တော်​မူ၏။ ထို​လှေ​ပေါ်​မှာ ထိုင်​လျက် လူ​များ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။


ကိုယ်​တော်​အ​ထဲ​က တန်​ခိုး​ထွက်၍ လူ​အ​ပေါင်း​တို့​ကို သက်​သာ​စေ​တော်​မူ​သည် ဖြစ်၍၊ ပ​ရိသတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​တို့​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။


ထို​မြို့၌ တပ်​မှူး၏​ကျွန်​တစ်​ယောက်​သည် နာ၍ သေ​ခါ​နီး​ရှိ၏။ သူ၏​သ​ခင်​သည် သူ့​ကို​ချစ်၍၊-


ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ