ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ရှင်မာကု 16:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။ Common Language Bible ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။- Garrad Bible ယုံ ကြည်၍ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သူ သည် ကယ် တင် ခြင်း သို့ ရောက် လ တ္တံ့။ မ ယုံ ကြည် သူ မူ ကား အ ပြစ် စီ ရင် ခံ ရ လ တ္တံ့။ Judson Bible ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။ မြန်မာ ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။- |
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ယေရှုက “အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်ပေါ်ထွန်းချိန်နီးပြီ။ သင်တို့၏အပြစ်များအတွက် နောင်တရ၍ သတင်းကောင်းကို ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ တရားစကားကို ကြားသောသူကို ဆိုလို၏။ သို့သော်လည်း ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းသို့ မရောက်စေရန် မာရ်နတ်သည် လာ၍ သူ၏စိတ်နှလုံးထဲမှ ထိုတရားစကားကို နုတ်ယူလေ၏။
သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
ယေရှုက “သင်တို့ထံမှ ဘုရားသခင်အလိုရှိတော်မူသော အမှုတော်မှာ မိမိစေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင် ဖြစ်သည်” ဟု ဖြေတော်မူ၏။
ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် မည်သည့်အခါမျှ အစာငတ်မည်မဟုတ်။ ငါ့ကို ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။
သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ‘သင်တို့သည် သင်တို့၏အပြစ်ကြောင့် သေဆုံးကြရမည်’ ဟု ငါပြောဆိုခြင်းဖြစ်၏။ ငါသည် ထိုအရှင်ဖြစ်ကြောင်း သင်တို့ မယုံကြည်သရွေ့ သင်တို့သည် သင်တို့၏ အပြစ်ကြောင့် သေဆုံးကြရမည်” ဟု မိန့်တော်မူ၏။
ယေရှုခရစ်တော်ကို ယုံကြည်သောသူတိုင်းသည် သူ၏အမည်နာမအားဖြင့် အပြစ်တရားမှ ခွင့်လွှတ်ခြင်းခံရမည်ဟု ထိုအရှင်နှင့် ပတ်သက်သည့်အကြောင်းကို ပရောဖက်အားလုံးက သက်သေပြုကြသည်” ဟူ၍ ဟောပြောလေ၏။
ထိုအရှင်ကို ယုံကြည်သောသူရှိသမျှတို့သည် မောရှေ၏ပညတ်တရားအရ မလွှတ်နိုင်သောအပြစ်များမှ လွတ်ခွင့်ရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
ယခုလည်း သင်သည် အဘယ်ကြောင့်စောင့်ဆိုင်းနေသနည်း။ ထ၍ နှစ်ခြင်းမင်္ဂလာခံယူလော့။ ဘုရားသခင်၏အမည်နာမကို အမှီပြုဆုတောင်း၍ သင့်အပြစ်များကို ဆေးကြောလော့’ ဟု ဆိုလေ၏။
ထိုသို့ မဟုတ်ပါ။ ဘုရားသခင်သည် မဖြောင့်မတ်လျှင် လောကီသားများကို မည်သို့ တရားစီရင်တော်မူမည်နည်း။
ကျွန်ုပ်တို့အကျိုးအတွက်ပါ ရေးထားခြင်းဖြစ်၏။ ကျွန်ုပ်တို့၏သခင် ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလည်း ဖြောင့်မတ်သူများအဖြစ် သတ်မှတ်တော်မူမည်။
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
သို့ဖြစ်၍ သူတို့အားလုံးသည် သမ္မာတရားကို မယုံကြည်ဘဲ မတရားမှုကို နှစ်သက်သောကြောင့် ပြစ်ဒဏ်စီရင်တော်မူခြင်း ခံကြရလိမ့်မည်။
ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးတော်မူသော ဘုရားသခင်ကို သင်တို့သည် ခရစ်တော်အားဖြင့်ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ကြ၏။
ဤအရာသည် ယခုသင်တို့ကို ကယ်တင်သည့်နှစ်ခြင်းမင်္ဂလာကို ပုံဆောင်၏။ နှစ်ခြင်းမင်္ဂလာသည် ကိုယ်ခန္ဓာအညစ်အကြေးကို ဖယ်ရှားခြင်းမဟုတ်။ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းမှတစ်ဆင့် ကယ်တင်တော်မူခြင်းခံရကြောင်း လိပ်ပြာသန့်နိုင်ရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းဖြစ်၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။