ဤအမျိုးသမီးသည် ငါ့ကိုယ်ခန္ဓာပေါ်၌ ဆီမွှေးသွန်းလောင်းသည်မှာ ငါ့ကို သင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။
ရှင်မာကု 14:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအမျိုးသမီးသည် သူတတ်နိုင်သမျှကို ပြုပြီ။ ငါ့ကို သင်္ဂြိုဟ်ရန်အတွက် ငါ့ကိုယ်ခန္ဓာပေါ်၌ ကြိုတင်၍ ဆီမွှေးလိမ်းပြီ။ Common Language Bible ဤအမျိုးသမီးသည်သူတတ်နိုင်သမျှငါ့ အားပြုစုလေပြီ။ ငါ၏ရုပ်အလောင်းကိုသင်္ဂြိုဟ် ရန် ကြိုတင်၍ဆီမွှေးနှင့်လိမ်းကျံလေပြီ။- Garrad Bible ထို မိန်း မ သည် တတ် အား သ ရွေ့ ပြု လျက် ဆီ လိမ်း ကျံ သ ဖြင့် တင် ကူး၍ ငါ့ ကို သေ ခမ်း သေ နား ပြင် ဆင် လေ သ တည်း။ Judson Bible ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ၊ ငါ့ကိုယ်ကို ဆီမွှေးနှင့် လူးနှင့်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။ မြန်မာ ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ၊ ငါ့ကိုယ်ကို ဆီမွှေးနှင့် လူးနှင့်သတည်း။- |
ဤအမျိုးသမီးသည် ငါ့ကိုယ်ခန္ဓာပေါ်၌ ဆီမွှေးသွန်းလောင်းသည်မှာ ငါ့ကို သင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။
ထို့နောက် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှ ချ၍ ပိတ်ချောနှင့်ရစ်ပတ်ပြီးလျှင် မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော ကျောက်ဆောင်ကိုထွင်းထားသည့်သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်၏။
ထို့ကြောင့် ယေရှုက “ရှိပါစေ။ ငါ့ကို သင်္ဂြိုဟ်မည့်နေ့အတွက် သူသည် ဤဆီမွှေးကို သိမ်းထားခဲ့ပြီ။
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။