သူတို့သည် ကိုယ်တော်ကို တံတွေးဖြင့် ထွေးပြီးလျှင် လက်တော်တွင် ကိုင်ထားသော ကျူရိုးကို ယူ၍ ခေါင်းတော်ကို ရိုက်နှက်ကြ၏။
ရှင်မာကု 14:65 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် လူတချို့သည် ယေရှုကို တံတွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကို ဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကို လက်သီးဖြင့် ထိုးနှက်၍ “ပရောဖက်ပြု၍ ဟောတော်မူပါ” ဟု ဆိုကြ၏။ အစောင့်တပ်သားတို့ကလည်း ယေရှု၏ပါးတော်ကို ရိုက်ပုတ်ကြ၏။ Common Language Bible အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။ Garrad Bible အ ချို့ တို့ သည် ကိုယ် တော် ကို တံ တွေး ထွေး ခြင်း၊ မျက် နှာ တော် ကို ဖုံး၍ လက် သီး နှင့် ထိုး ခြင်း ပြု လျက် ဟော လော့ ဟု ဆို ကြ၏။ မင်း မှု ထမ်း တို့ လည်း လက် ဝါး နှင့် ရိုက်၍ လွှဲ အပ် ခံ ယူ ကြ ၏။ Judson Bible ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အချို့တို့သည် ကိုယ်တော်ကိုတံတွေးနှင့်ထွေးလျက် မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကိုထိုးနှက်ကာ “ဟောကြည့်ပါ”ဟု ဆိုကြ၏။ အစောင့်တပ်သားများသည်လည်း ကိုယ်တော်ကိုခေါ်သွား၍ ရိုက်ပုတ်ကြ၏။ မြန်မာ ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ၏။ |
သူတို့သည် ကိုယ်တော်ကို တံတွေးဖြင့် ထွေးပြီးလျှင် လက်တော်တွင် ကိုင်ထားသော ကျူရိုးကို ယူ၍ ခေါင်းတော်ကို ရိုက်နှက်ကြ၏။
သူတို့သည် လူသားကို ပြက်ရယ်ပြု၍ တံတွေးနှင့် ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ ရိုက်နှက်ကြပြီး အသေသတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟူ၍ မိမိ၌ ဖြစ်ပျက်မည့်အကြောင်းအရာတို့ကို မိန့်တော်မူ၏။
ထို့နောက် သူတို့သည် ကိုယ်တော်၏ ဦးခေါင်းတော်ကို ကျူရိုးဖြင့် ရိုက်ကြ၏။ တံတွေးဖြင့်ထွေး၍ ဒူးထောက်လျက် ရှိခိုးကြ၏။
အနီးတွင် ရပ်နေသောဗိမာန်တော်အစောင့်တပ်သားတစ်ဦးက “ယဇ်ပုရောဟိတ်မင်းကို ဤသို့ဖြေရမည်လော” ဟု ဆိုကာ ယေရှု၏ပါးတော်ကို ရိုက်လေ၏။
ထို့နောက် သူတို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဂျူးတို့၏ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုလျက် ပါးတော်ကို ရိုက်ကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် ပေါလုအနား၌ ရပ်နေသောသူတို့အား သူ၏နှုတ်ကို ရိုက်ရန်အမိန့်ပေး၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။