အဘယ်ကြောင့်ဆိုသော် လူသားပင်လျှင် သူတစ်ပါးကို စေခိုင်းရန် ကြွလာသည်မဟုတ်ဘဲ သူတစ်ပါးကို အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများကို ရွေးနုတ်ရန် ကြွလာသောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ရှင်မာကု 14:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဤစပျစ်ရည်သည် လူများစွာတို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။ Common Language Bible ကိုယ်တော်က ``ဤစပျစ်ရည်ကားလူအများ အတွက်သွန်းသော ဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်နှိပ်သောငါ၏သွေးဖြစ်၏။- Garrad Bible ကိုယ် တော် က လည်း ဤ ကား လူ အ များ အ ဖို့ သွန်း သော ပ ဋိ ညာဉ် တော် ဆိုင် ရာ ငါ့ အ သွေး တည်း။ Judson Bible ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍၊ လူများအဖို့အလိုငှာ သွန်းသော ငါ၏အသွေးဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဤသည်ကား လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။ မြန်မာ ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍၊ လူများအဖို့အလိုငှာ သွန်းသော ငါ၏အသွေးဖြစ်၏။- |
အဘယ်ကြောင့်ဆိုသော် လူသားပင်လျှင် သူတစ်ပါးကို စေခိုင်းရန် ကြွလာသည်မဟုတ်ဘဲ သူတစ်ပါးကို အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများကို ရွေးနုတ်ရန် ကြွလာသောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။
စပျစ်ရည်ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက် တပည့်တော်တို့အား ပေးတော်မူလျှင် သူတို့အားလုံးသည် သောက်ကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏ နိုင်ငံတော်၌ သင်တို့နှင့်အတူ ထပ်မံသောက်ရသည့်နေ့ မတိုင်မီအထိ ဤစပျစ်ရည်ကို ငါမသောက်” ဟု မိန့်တော်မူ၏။
ညစာစားပြီးနောက် စပျစ်ရည်ခွက်ကိုလည်းယူ၍ “ဤခွက်သည် သင်တို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ထို့ကြောင့် ယေရှုက “ငါအမှန်ဆိုရလျှင် သင်တို့သည် လူသား၏ အသားကို မစား၊ အသွေးကို မသောက်ဘဲ နေလျှင် ထာဝရအသက်ကိုမရနိုင်။
ကောင်းချီးမင်္ဂလာခွက်ကို ကျွန်ုပ်တို့ကောင်းချီးပေး၍ သောက်သည်မှာ ခရစ်တော်၏ အသွေးတော်ကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။ မုန့်ကို ဖဲ့၍ စားသည်မှာ ခရစ်တော်၏ ကိုယ်ခန္ဓာကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။
ထိုနည်းတူ ညစာစားပြီးနောက် စပျစ်ရည်ခွက်ကိုလည်းယူ၍ “ဤခွက်သည် သင်တို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏” ဟု မိန့်တော်မူ၏။