သူတို့သည် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်မာကု 14:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် စားပွဲ၌ ထိုင်လျက် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ငါနှင့်အတူ စားနေသော သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible သူတို့သည်စားပွဲမှာထိုင်လျက်စားနေကြစဉ် သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့အနက်ငါနှင့်အတူစားနေ သူတစ်ဦးသည်ငါ့ကိုသစ္စာဖောက်လိမ့်မည်'' ဟု မိန့်တော်မူ၏။ Garrad Bible စား ပွဲ ထိုင် လျက် သုံး ဆောင် နေ ကြ စဉ် ယေ ရှု က ငါ နှင့် အ တူ စား သူ သင် တို့ အ နက် တစ် ယောက် ယောက် သည် ငါ့ ကို ပို့ အပ် လိမ့် မည်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ လျှင်၊ Judson Bible စားပွဲ၌လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစ်စုံတစ်ယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် စားပွဲ၌ထိုင်လျက် စားသောက်နေကြစဉ် ယေရှုက“သင်တို့အား ငါအမှန်ဆိုသည်ကား ငါနှင့်အတူစားနေသော သင်တို့အထဲမှတစ်ဦးသည် ငါ့ကိုအပ်နှံလိမ့်မည်”ဟု မိန့်တော်မူ၏။ မြန်မာ စားပွဲ၌လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစ်စုံတစ်ယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊- |
သူတို့သည် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန် ဆိုရလျှင် ကောင်းကင်နှင့်မြေကြီး မကွယ်ပျောက်မချင်း ဘုရားသခင်၏ ပညတ်ကျမ်းထဲ၌ရှိသည့် အသေးငယ်ဆုံးသော အက္ခရာတစ်လုံးမျှ မကွယ်ပျောက်ရ။ ထိုကျမ်းတွင် ဖော်ပြသမျှသောအရာတို့သည် ဖြစ်လာရမည်။
သင်တို့သည် အစာရှောင်သောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာမညှိုးငယ်စေနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူအများသိမြင်စေရန် မျက်နှာသွင်ပြင်ကို မကြည်မသာဖြစ်စေကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
သင်သည် အလှူအတန်းပြုသောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မပြုနှင့်။ ထိုသူတို့သည် လှူဒါန်းသောအခါ လူတို့၏ချီးမွမ်းပြောဆိုခြင်းကို ခံလိုသဖြင့် ဝတ်ပြုဆောင်များနှင့် လမ်းများ၌ တီးမှုတ်တတ်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
သင်တို့သည် ဆုတောင်းသောအခါ သူတော်ကောင်းယောင်ဆောင်သူများကဲ့သို့ မပြုကြနှင့်။ ထိုသူတို့သည် လူမြင်သာစေရန် ဝတ်ပြုဆောင်များနှင့် လမ်းဆုံလမ်းခွများတွင်ရပ်လျက် ဆုတောင်းရသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ တစ်စုံတစ်ဦးသည် ငါ့အတွက်သော်လည်းကောင်း၊ သတင်းကောင်းအတွက်သော်လည်းကောင်း မိမိအိမ်၊ မြေ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင် သားသမီးများကို စွန့်လွှတ်လျှင်
ညနေချမ်းအချိန် ရောက်သောအခါ ကိုယ်တော်သည် တပည့်တော် ဆယ့်နှစ်ပါးနှင့်အတူ ကြွလာတော်မူ၏။
ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်ထိခိုက်လျက် “သခင်ဘုရား… ထိုသူသည် အကျွန်ုပ်လော” ဟု တစ်ဦးပြီးတစ်ဦး မေးလျှောက်ကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏ နိုင်ငံတော်၌ သင်တို့နှင့်အတူ ထပ်မံသောက်ရသည့်နေ့ မတိုင်မီအထိ ဤစပျစ်ရည်ကို ငါမသောက်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ သတင်းကောင်းကို ကြေညာသည့် ကမ္ဘာတစ်ဝန်းလုံးတွင် ဤအမျိုးသမီး၏ လုပ်ဆောင်ချက်ကိုလည်း အစဉ်အောက်မေ့သတိရ၍ ပြောဆိုကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါအမှန်ဆိုရလျှင် လူတို့သည် မိမိတို့၏ အပြစ်ရှိသမျှနှင့် ဘုရားသခင်ကို စော်ကားသောစကားများအတွက် ခွင့်လွှတ်တော်မူခြင်းခံရနိုင်၏။
သို့သော်လည်း မည်သည့်အရပ်၌မဆို သင်တို့ကို မကြိုဆို၊ သင်တို့ဟောသည့်တရားကိုလည်း မနာယူလျှင် ထိုအရပ်မှ ထွက်ခွာသောအခါ သူတို့တစ်ဖက်၌ ဆန့်ကျင်သည့် သက်သေအဖြစ် သင်တို့၏ခြေဖဝါးမှ ဖုန်မှုန့်ကို ခါချလော့” ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်သည် စိတ်တော်မချမ်းမသာဖြစ်လျက် သက်ပြင်းချတော်မူပြီးလျှင် “ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကို တောင်းကြသနည်း။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးတော်နှင့်တကွ ပေါ်ထွန်းလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
သင်တို့သည် ခရစ်တော်၏တပည့်ဖြစ်သည်ကို ထောက်၍ သင်တို့အား ရေတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏။
ထို့ကြောင့် သင်တို့အား ငါအမှန်ဆို၏။ မည်သည့်ပရောဖက်မျှ မိမိနေရပ်မြို့တွင် မျက်နှာမရတတ်။
ထို့နောက် “သင်တို့အား ငါအမှန်ဆို၏။ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအကြား လှေကားသဖွယ်ဖြစ်သောလူသားအပေါ်တွင် ဆင်းလျက်တက်လျက် နေကြသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့အားလုံးကို ရည်ညွှန်း၍ ငါပြောသည်မဟုတ်။ ငါရွေးချယ်ထားသောသူတို့ကို ငါသိ၏။ သို့ရာတွင် ‘ငါနှင့်အတူ လက်ဆုံစားသောသူသည် ငါ့ကို ပုန်ကန်လေပြီ’ ဟု ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာရမည်။
ဤအကြောင်းအရာများကို ပြောဆိုပြီးနောက် ယေရှုသည် အလွန်စိတ်ပူပန်တော်မူလျက် “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
မည်သူကို ရည်ညွှန်း၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောလျက် အချင်းချင်းတစ်ဦးကိုတစ်ဦး ကြည့်ကြ၏။
ယေရှုက “ငါ့အတွက် အသက်စွန့်မည်လော။ သင့်အား ငါအမှန်ဆို၏။ ကြက်မတွန်မီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်တိုင်အောင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
သင့်အား ငါအမှန်ဆို၏။ သင်သည် ငယ်ရွယ်စဉ် အချိန်တွင် သင်အလိုရှိသည့်အတိုင်း လုပ်နိုင်၏။ ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်၍ သင်သွားလိုရာ အရပ်သို့ သွားတတ်၏။ သို့သော် သင်သည် အိုမင်းလာချိန်တွင် သင်၏လက်တို့ကို ဆန့်၍ အခြားသူက သင့်ကို ဝတ်ဆင်ပေးကာ သင်မသွားလိုသည့် အရပ်သို့ သင့်ကို ခေါ်ဆောင်သွားမည်” ဟု မိန့်တော်မူ၏။
ငါအမှန်ဆိုရလျှင် ငါတို့သည် မိမိသိသောအရာကို ပြောကြ၏။ မိမိမြင်ဖူးသောအရာကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် လက်မခံကြ။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သားတော်သည် မည်သည့်အမှုကိုမျှ မိမိအလိုအလျောက် မပြုနိုင်။ ခမည်းတော်ပြုတော်မူသောအမှုကို မြင်၍သာ ပြု၏။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်သည်လည်း ပြု၏။
ယေရှုက “ငါအမှန်ဆိုရလျှင် သင်တို့သည် ငါပြုသော နိမိတ်လက္ခဏာများကို နားလည်သောကြောင့် ငါ့ကို ရှာကြသည်မဟုတ်။ မုန့်ကို ဝလင်စွာ စားရသောကြောင့်သာ ရှာကြ၏။
ယေရှုက “ငါအမှန်ဆိုရလျှင် ကောင်းကင်မှ မုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှ စစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။
ထိုအခါ ယေရှုက “သင်တို့ ဆယ့်နှစ်ဦးကို ငါရွေးချယ်ခဲ့ပြီ။ သို့ရာတွင် သင်တို့အနက် တစ်ဦးသည် မာရ်နတ်ဖြစ်၏” ဟု မိန့်တော်မူ၏။