စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတို့ကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။
ရှင်မာကု 12:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတစ်ဦးကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။ Common Language Bible အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍ ဥယျာဉ်သီးခွန်ကိုတောင်း ခံစေ၏။- Garrad Bible အ ချိန် တန် သည့် ကာ လ ဥ ယျာဉ် သီး ခွန် ကောက် ယူ စေ ရန် ကျွန် တစ် ယောက် ကို စေ လွှတ် လိုက် ရာ၊ Judson Bible ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှာ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း အသီးပေါ်ချိန်ရောက်သောအခါ ခြံသမားတို့ထံမှ စပျစ်ခြံထွက်အသီးများကိုရယူရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့စေလွှတ်လေ၏။ မြန်မာ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှာ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။- |
စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတို့ကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။
ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုး၍ ခြံခတ်လေ၏။ သူသည် ထိုခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကို တူးပြီး ကင်းစောင့်မျှော်စင်ကိုလည်း ဆောက်၏။ ထို့နောက် ထိုစပျစ်ခြံကို စပျစ်ခြံလုပ်သားများအား ငှားရမ်း၍ အခြားတိုင်းပြည်သို့ သွားလေ၏။
သို့သော် စပျစ်ခြံလုပ်သားများက ထိုအစေခံအား ဖမ်းဆီးရိုက်နှက်၍ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။
သို့သော် မိမိသခင်၏အလိုကို မသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ခံထိုက်သောအမှုကို ကျူးလွန်မိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရလိမ့်မည်။ များစွာရရှိထားသောသူထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံခံရသော သူထံမှ ပို၍ တောင်းလိမ့်မည်။
စပျစ်သီးဆွတ်ချိန် ရောက်သောအခါ အစေခံတစ်ဦးကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်၍ စပျစ်သီးတချို့ကို တောင်းစေ၏။ သို့သော် စပျစ်ခြံလုပ်သားများက ထိုအစေခံကို ရိုက်နှက်၍ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။
ရှေးကာလ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို ပရောဖက်များမှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောတော်မူ၏။