ရှင်မာကု 12:2 - Common Language Bible2 အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍ ဥယျာဉ်သီးခွန်ကိုတောင်း ခံစေ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 အ ချိန် တန် သည့် ကာ လ ဥ ယျာဉ် သီး ခွန် ကောက် ယူ စေ ရန် ကျွန် တစ် ယောက် ကို စေ လွှတ် လိုက် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible2 ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှာ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 အသီးပေါ်ချိန်ရောက်သောအခါ ခြံသမားတို့ထံမှ စပျစ်ခြံထွက်အသီးများကိုရယူရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့စေလွှတ်လေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတစ်ဦးကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။ အခန်းကိုကြည့်ပါ။မြန်မာ2 ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှာ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။- အခန်းကိုကြည့်ပါ။ |
ဤကားယေရုရှလင်မြို့ကောင်းစားစည်ပင် လျက်နေချိန်၌ ရှေးပရောဖက်များအားဖြင့် ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ ထိုအခါမြို့ပတ်ဝန်းကျင်ကျေး ရွာများတွင်သာလျှင်လူအမြောက်အမြား နေထိုင်ကြသည်မဟုတ်။ တောင်ဘက်ဒေသ နှင့်အနောက်ဘက်ရှိတောင်ခြေဒေသများ တွင်လည်းနေထိုင်ကြလေသည်။
ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
ထိုနောက်ကိုယ်တော်သည်သူတို့အား ပုံဥပမာ ဆောင်၍မိန့်ကြားတော်မူ၏။ ကိုယ်တော်က ``လူ တစ်ယောက်သည်စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ ခြံဝင်းကာ၏။ စပျစ်သီးနယ်ရာကျင်းကိုတူး ၍မျှော်စင်ကိုဆောက်လုပ်၏။ ထိုနောက်သူသည် ဥယျာဉ်ကိုခြံသမားတို့အား သီးစားချ၍ နိုင်ငံရပ်ခြားသို့ထွက်သွား၏။-