ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့် မိမိ၏အဖော်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
ရှင်မာကု 12:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ ‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ Common Language Bible `တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ Garrad Bible တိုက် တည် ဆောက် သူ တို့ ပယ် ထား သော ကျောက် သည် ထောင့် စွန်း ကျောက် ဖြစ် လာ ၏။ Judson Bible တိုက်ကို တည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ မြန်မာ တိုက်ကို တည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။- |
ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့် မိမိ၏အဖော်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
ထို့ကြောင့် သူတို့က “ဤကလေးငယ်များ မည်သို့ပြောဆိုနေကြသည်ကို ကြားသလော” ဟု ကိုယ်တော်အား မေးကြ၏။ ယေရှုက “ငါကြား၏။ ကျမ်းစာ၌ ‘ကလေးများနှင့် နို့စို့သူငယ်များက ကိုယ်တော်ကို ချီးမွမ်းစေရန် ကိုယ်တော်သည် သင်ကြားပေးတော်မူပြီ’ ဟူ၍ရေးသားထားသည်ကို သင်တို့ တစ်ခါမျှမဖတ်ဖူးသလော” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက “ကျမ်းစာ၌ ‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်စိရှေ့၌လည်း အံ့ဖွယ်ဖြစ်၏’ ဟု ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
သေလွန်သောသူတို့ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူသည်ကို ကျမ်းစာ၌ သင်တို့ မဖတ်ဖူးကြသလော။ သို့ဖြစ်၍ ဘုရားသခင်သည် သေလွန်သောသူတို့၏ ဘုရားမဟုတ်ပါ။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်၏” ဟု မိန့်တော်မူ၏။
သေလွန်သောသူတို့ပြန်ရှင်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်းကို မီးလောင်နေသောချုံပုတ်အကြောင်းတွင် မောရှေ ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုလိမ့်မည်နည်း။ သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားများအား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်။
ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သောအရာသည် မရှိအပ်သောနေရာ၌ ရှိနေသည်ကို သင်တို့တွေ့မြင်ရမည့်နေ့ရက် ရောက်လာလိမ့်မည်။ (ဤအချက်ကို စာဖတ်သူ သတိပြုမိပါစေ။) ထို့နောက် ယုဒပြည်တွင် ရှိသောသူတို့သည် တောင်များပေါ်သို့ ပြေးကြရမည်။
ယေရှုက “ယဇ်ပရောဟိတ်မင်းအဗျာသာ လက်ထက်၌ ဒါဝိဒ်မင်းသည် မိမိနှင့်နောက်လိုက်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့တစ်ခါမျှ မဖတ်ဖူးကြသလော။
ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့်နောက်လိုက်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြသလော။
ကျမ်းစာ၌ “ငါသည် ဆူးငြောင့်ခလုတ်ဖြစ်သော ကျောက်တုံးကို ဇိအုန်မြို့တွင် ချထား၏။ ထိုကျောက်သည် လူတို့ကို လဲကျစေလိမ့်မည်။ သို့သော် ထိုအရှင်ကို ယုံကြည်သောသူသည် အရှက်ရလိမ့်မည် မဟုတ်” ဟု ဖော်ပြထား၏။