ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ရှင်မာကု 11:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်နှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေ၌ ရှိသော ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍ Common Language Bible ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ အနီးသို့ချဉ်းကပ်မိ၍ ဗက်ဖာဂေနှင့်ဗေသနိ ရွာများအနီးရှိသံလွင်တောင်သို့ရောက်ကြ၏။- Garrad Bible ယေ ရု ရှ လင် မြို့ အ နီး သံ လွင် တောင် ခြေ ရင်း ရှိ ဗက် ဖာ ဂေ ရွာ၊ ဗေ သ နိ ရွာ များ သို့ ရောက် ကြ သော်၊ Judson Bible ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်ကြသေအခါ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်တော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဂျေရုဆလင်မြို့နှင့်နီးကပ်လာ၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာသို့ ရောက်လာကြသောအခါ ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍ မြန်မာ ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်ကြသောအခါ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်တော်မူ၍၊- |
ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း မည်သူမျှ မစီးဖူးသေးသည့် ကြိုးချည်ထားသောမြည်းကလေးတစ်ကောင်ကို တွေ့မြင်ရလိမ့်မည်။ ထိုမြည်းကို ကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့ မျက်နှာမူလျက် ထိုင်တော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍
ယေရှုက တပည့်တော်နှစ်ပါးအား “သင်တို့သည် မြို့ထဲသို့ ဝင်သောအခါ ရေအိုးထမ်းလာသောလူတစ်ဦးနှင့် ဆုံလိမ့်မည်။ ထိုသူနောက်သို့လိုက်၍ သူဝင်သည့်အိမ်သို့ ဝင်ကြလော့။
တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာကို ပေးလျက် နှစ်ယောက်စီ စေလွှတ်တော်မူ၏။
ထို့နောက် တမန်တော်တို့သည် သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ သံလွင်တောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခရီးခန့် ကွာဝေး၏။