ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
ရှင်မာကု 10:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့မှ ထွက်ခွာ၍ ယုဒပြည်သို့ ကြွတော်မူပြီးလျှင် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းသို့ ကြွတော်မူ၏။ လူထုကြီးသည်လည်း ကိုယ်တော်ထံသို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ယခင်နည်းတူ သူတို့ကို ဟောပြောသွန်သင်တော်မူ၏။ Common Language Bible ထိုနောက်ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော် မူ၍ ယုဒပြည်သို့ကြွတော်မူပြီးလျှင်ယော်ဒန် မြစ်ကိုကူးတော်မူ၏။ လူပရိသတ်တို့သည်အထံ တော်သို့တစ်ဖန်လာရောက်စုရုံးကြပြန်၏။ ကိုယ်တော် သည်အလေ့တော်ရှိသည့်အတိုင်းသူတို့အားဟော ပြောသွန်သင်တော်မူ၏။ Garrad Bible ထို အ ရပ် မှ ထွက်၍ ယု ဒ နယ် ယော် ဒန် မြစ် တစ် ဘက် နယ် များ သို့ ကြွ တော် မူ ရာ လူ အ မြောက် အ များ သည် ကိုယ် တော့် ထံ စု ရုံး ကြ ပြန် သ ဖြင့် အ လေ့ တော် အ တိုင်း ဒေ သ နာ ပေး တော် မူ ပြန် ၏။ Judson Bible ထိုအရပ်မှ ကိုယ်တော်သည် ထ၍ ယော်ဒန်မြစ်တစ်ဖက်ကို လျှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမဩဝါဒပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ ယုဒနယ်ဆိုင်ရာအရပ်ဒေသနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကြွတော်မူရာ လူထုပရိသတ်တို့သည် အထံတော်သို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့ကိုသွန်သင်တော်မူ၏။ မြန်မာ ထိုအရပ်မှ ကိုယ်တော်သည် ထ၍ ယော်ဒန်မြစ်တစ်ဖက်ကို လျှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမဩဝါဒပေးတော်မူ၏။- |
ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ယေရှုနှင့် တပည့်တော်တို့သည် ကပေရနောင်မြို့သို့ သွားကြ၏။ ဥပုသ်နေ့ရောက်သောအခါ ကိုယ်တော်သည် ဂျူးဝတ်ပြုဆောင်သို့ ဝင်၍ သွန်သင်တော်မူ၏။
ထိုအခါ ဖာရိရှဲတချို့သည် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု စမ်းသပ်လိုသဖြင့် မေးလျှောက်ကြ၏။
ထို့နောက် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ် “ခရစ်တော်သည် ဒါဝိဒ်မင်း၏သားတော်ဖြစ်သည်ဟု အဘယ်ကြောင့် ကျမ်းတတ်ဆရာတို့က ဆိုကြသနည်း။
ငါသည် နေ့စဉ်နေ့တိုင်း သင်တို့နှင့်အတူ ရှိလျက် ဗိမာန်တော်တွင် ဟောပြောသွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။ သို့သော် ဤသို့ဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ငါနှင့်ပတ်သက်၍ ဖော်ပြထားသည့် အကြောင်းအရာများ ဖြစ်ပျက်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် အိုင်နံဘေးသို့ တစ်ဖန်ကြွ၍ မိမိထံ ရောက်လာကြသော လူထုပရိသတ်အား သွန်သင်တော်မူ၏။
ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် သွန်သင်တော်မူ၏။ ထိုသို့ သွန်သင်ရာတွင် ကိုယ်တော်က
ဥပုသ်နေ့ရောက်သော် ကိုယ်တော်သည် ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူ၏။ ကြားနာသောသူများစွာတို့သည် အံ့အားသင့်ကြ၏။ ထိုသူတို့က “သူသည် ဤအရာများကို အဘယ်ကရသနည်း။ သူရရှိသောပညာသည် မည်သည့်ပညာဖြစ်သနည်း။ သူပြသသောအံ့ဖွယ်အမှုများကို မည်သည့်တန်ခိုးဖြင့် ပြုသနည်း။
ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ ဖြစ်သောကြောင့် သနားကြင်နာစိတ်ရှိတော်မူ၏။ ထို့ကြောင့် သူတို့အား အကြောင်းအရာများစွာကို ဟောပြောသွန်သင်တော်မူ၏။
ကိုယ်တော်သည် သူတို့၏ မယုံကြည်နိုင်ခြင်းအပေါ် အံ့အားသင့်တော်မူ၏။ ထို့နောက် ယေရှုသည် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ လှည့်လည်၍ ဟောပြောသွန်သင်တော်မူ၏။
ထို့နောက် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယခင်က ယောဟန်နှစ်ခြင်းမင်္ဂလာပေးခဲ့သောအရပ်သို့ ကြွ၍ ထိုအရပ်တွင် နေတော်မူ၏။
ယေရှုက “ငါသည် ဤလောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ လူအပေါင်းတို့သည် ငါသွန်သင်သမျှကို သိကြ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာဖြစ်သော ဝတ်ပြုဆောင်များနှင့် ဗိမာန်တော်၌ အစဉ်အမြဲဟောပြောသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပါ။