Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 10:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထ​၍ ယုဒ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့ တစ်ဖန်​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည်​လည်း ပြုလေ့​ရှိ​သည့်​အတိုင်း သူ​တို့​ကို​သွန်သင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထို​နောက်​ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၍ ယု​ဒ​ပြည်​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ယော်​ဒန် မြစ်​ကို​ကူး​တော်​မူ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​အ​ထံ တော်​သို့​တစ်​ဖန်​လာ​ရောက်​စု​ရုံး​ကြ​ပြန်​၏။ ကိုယ်​တော် သည်​အ​လေ့​တော်​ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ဟော ပြော​သွန်​သင်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထို အ ရပ် မှ ထွက်၍ ယု ဒ နယ် ယော် ဒန် မြစ် တစ် ဘက် နယ် များ သို့ ကြွ တော် မူ ရာ လူ အ မြောက် အ များ သည် ကိုယ် တော့် ထံ စု ရုံး ကြ ပြန် သ ဖြင့် အ လေ့ တော် အ တိုင်း ဒေ သ နာ ပေး တော် မူ ပြန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထို​အ​ရပ်​မှ ကိုယ်​တော်​သည် ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​ကို လျှောက်​သွား​သ​ဖြင့် ယု​ဒ​ပြည်​စွန်း​သို့ ရောက်​တော်​မူ၏။ လူ​များ​တို့​သည် အ​ထံ​တော်၌​စု​ဝေး​ပြန်၍၊ ထုံး​စံ​ရှိ​တော်​မူ​သည်​အ​တိုင်း တစ်​ဖန် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ထို့နောက် ကိုယ်တော်​သည် ကပေရနောင်မြို့​မှ ထွက်ခွာ​၍ ယုဒပြည်​သို့ ကြွတော်မူ​ပြီးလျှင် ဂျော်ဒန်မြစ် တစ်ဖက်ကမ်း​သို့ ကြွတော်မူ၏။ လူထုကြီး​သည်လည်း ကိုယ်တော်​ထံသို့ တစ်ဖန်​စုဝေးလာကြ၏။ ကိုယ်တော်​သည်လည်း ယခင်​နည်းတူ သူတို့​ကို ဟောပြော​သွန်သင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 ထို​အ​ရပ်​မှ ကိုယ်​တော်​သည် ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​ကို လျှောက်​သွား​သ​ဖြင့် ယု​ဒ​ပြည်​စွန်း​သို့ ရောက်​တော်​မူ၏။ လူ​များ​တို့​သည် အ​ထံ​တော်၌​စု​ဝေး​ပြန်၍၊ ထုံး​စံ​ရှိ​တော်​မူ​သည်​အ​တိုင်း တစ်​ဖန် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 10:1
17 ပူးပေါင်းရင်းမြစ်များ  

ထိုမျှမက ဒေသနာဆရာ​သည် ပညာရှိ​ဖြစ်​သည့်​အလျောက် လူ​တို့​အား အသိပညာ​ကို​လည်း သင်ကြား​ပေး​၏​။ သူ​သည် ချင့်ချိန်​တွေးဆ​၍ ရှာဖွေ​စူးစမ်း​ပြီး များစွာ​သော​သုတ္တံ​စကား​တို့​ကို စီကုံးရေးသား​ခဲ့​၏​။


သူ​တို့​ကို အကြိမ်ကြိမ်​ဆုံးမ​သွန်သင်​သော်လည်း သူ​တို့​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို မ​နာခံ​ဘဲ ငါ့​ကို​မျက်နှာလွှဲ​၍ ကျောခိုင်း​သွား​ကြ​ပြီ​။


ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။


ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်နယ်လုံး​ကို လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​တော်မူ​ကာ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​တို့​ထဲ၌​စွဲကပ်​နေ​သော ရောဂါ​အမျိုးမျိုး​နှင့်​အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။


ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ဝင်​ကြ​၏။ ဥပုသ်နေ့​ရောက်​သည်​နှင့် ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။


ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ “လင်​ယောက်ျား​သည် မိမိ​မယား​ကို​ကွာရှင်း​ခြင်း​မှာ တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။


တစ်ဖန် ယေရှု​သည် ဗိမာန်​တော်​၌ သွန်သင်​တော်မူ​စဉ်“ခရစ်တော်​သည် ဒါဝိဒ်​၏​သား​ဖြစ်​သည်​ဟု ကျမ်းပြု​ဆရာ​တို့​က မည်သို့​ပြောဆို​နိုင်​ကြ​သနည်း။


ငါ​သည် နေ့တိုင်း သင်​တို့​နှင့်အတူ​ရှိ​လျက် ဗိမာန်​တော်​၌​သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​သည် နောက်တစ်ဖန် ပင်လယ်​ကမ်းနား​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် သူ​တို့​ကို​သွန်သင်​တော်မူ​၏။


ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အကြောင်းအရာ​တို့​ကို ပုံ​ဥပမာ​တို့​ဖြင့် သူ​တို့​အား သွန်သင်​တော်မူ​၏။ ထိုသို့​သွန်သင်​ရာ​တွင် ကိုယ်တော်​က


ဥပုသ်နေ့​ရောက်​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ သွန်သင်​တော်မူ​ရာ ကြားနာ​သူ​များစွာ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​အရာ​များ​ကို အဘယ်က​ရ​သနည်း။ ဤ​သူ​ရ​သည့်​ဉာဏ်ပညာ​နှင့် သူ့​လက်​ဖြင့်​ပြု​သော တန်ခိုး​လက္ခဏာ​များ​ကား မည်သို့​နည်း။


ကိုယ်တော်​သည်​လှေ​ပေါ်မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ များစွာ​သော​အရာ​တို့​ကို​သွန်သင်​တော်မူ​၏။


ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​အတွက် အံ့သြ​တော်မူ​၏​။ ဤသို့ဖြင့် ဝန်းကျင်​ရှိ​ကျေးရွာ​များ​သို့ လှည့်လည်​၍​သွန်သင်​တော်မူ​၏။


ထို့နောက် ကိုယ်တော်​သည် ယခင်​က ယောဟန်​ဗတ္တိဇံ​ပေး​ခဲ့​ရာ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ တစ်ဖန်​ကြွ​၍ ထို​အရပ်​၌​နေ​တော်မူ​၏။


ထို့နောက် တပည့်​တော်​တို့​အား“ယုဒ​နယ်​သို့ နောက်တစ်ဖန်​သွား​ကြ​စို့”​ဟု မိန့်​တော်မူ​၏။


ယေရှု​က​လည်း“ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်း​နှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ