အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 1:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​က “အချိန်​ကျပြီ။ ဘုရားသခင်​၏​နိုင်ငံတော်​ပေါ်ထွန်းချိန်​နီးပြီ။ သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ သတင်းကောင်း​ကို ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရား သ ခင့် သ တင်း တော် မြတ် ကို ကြား ပြော လျက်၊ အ ချိန် စေ့ ပြီ။ ဘု ရား သ ခင့် နိုင် ငံ တော် တည် လု ပြီ။ နောင် တ ရ၍ သ တင်း တော် မြတ် ကို ယုံ ကြည် ကြ လော့ ဟု နှိုး ဆော် တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ချိန်​ပြည့်​စုံ​ပြီ၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ၊ နောင်​တ​ရ​ကြ​လော့။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ယုံ​ကြည်​ကြ​လော့​ဟူ​သော ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“အချိန်​ပြည့်စုံ​ပြီ။ ဘုရားသခင်​၏​နိုင်ငံ​တော်​လည်း ပေါ်ထွန်း​လုနီး​ပြီ။ နောင်တရ​၍ ကောင်းမြတ်​သော​သတင်း​ကို ယုံကြည်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

အ​ချိန်​ပြည့်​စုံ​ပြီ၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ၊ နောင်​တ​ရ​ကြ​လော့။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ယုံ​ကြည်​ကြ​လော့​ဟူ​သော ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ရှင်မာကု 1:15
17 ပူးပေါင်းရင်းမြစ်များ  

သူတို့​ထံသို့ သွား​၍ ‘ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ’ ဟု ဟောပြောကြလော့။


“ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။


ထို​အချိန်​မှ​စ​၍ ယေရှု​က “ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် နောင်တရကြလော့” ဟု စတင်​ဟောပြောတော်မူ၏။


‘ငါတို့​၏​ခြေ​၌ ကပ်​လျက်​ရှိသော သင်တို့​မြို့​၏​ဖုန်မှုန့်​ကို​ပင် ငါတို့​ခါချပြီ။ သို့သော် ဘုရားသခင်​၏​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဟု သိမှတ်ကြလော့’ ဟု ဟောပြောကြလော့။


ဖျားနာသောသူများ​အား ကုသပေး​၍ ‘ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​ထံသို့ ရောက်လာချိန်​နီးပြီ’ ဟု ဟောပြောကြလော့။


ခရစ်တော်​၏​အမည်​နာမ​အားဖြင့် အပြစ်​လွတ်ခြင်းတရား​နှင့် နောင်တတရား​အကြောင်းတို့​ကို ဂျေရုဆလင်မြို့​မှစ၍ လူမျိုး​တကာတို့​အား ဟောပြော​ရမည်။


နောင်တရ​၍ ဘုရားသခင်​ထံတော်​သို့ ပြန်လာကြ​စေရန်​နှင့် ကျွန်ုပ်တို့​၏​သခင်​ယေရှု​ကို ယုံကြည်​စေရန် ဂျူးလူမျိုးများ​နှင့် ဂရိလူမျိုးများ​ကို လေးနက်စွာ ဟောပြောခဲ့၏။


လူမျိုးခြားတို့​သည်လည်း ယုံကြည်​၍ နာခံလာ​စေရန် ပရောဖက်များ​ကြိုတင်​ဟောပြောထားသည့်​အတိုင်း ထာဝရ​ဘုရားသခင်​၏ အမိန့်တော်​အားဖြင့် ယခု​အချိန်​တွင် ထို​သတင်းကောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထံ ဖော်ပြလေပြီ။


သို့သော် အချိန်​စေ့​သောအခါ ဘုရားသခင်​သည် မိမိ​သားတော်​ကို စေလွှတ်တော်မူ၏။ ထို​သားတော်​သည် အမျိုးသမီး​တစ်ဦး​ထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား​၏ လက်အောက်ခံ​အဖြစ် နေထိုင်တော်မူ၏။


ထို​အကြံအစည်တော်​သည် အချိန်ကျ​သောအခါ ကောင်းကင်​နှင့် မြေကြီး​၌ ရှိသမျှသော​အရာ​အားလုံး​ကို ခရစ်တော်​၏ အာဏာစက်​အောက်​၌ ပေါင်းစည်း​စေရန် ဖြစ်၏။


ယေရှု​ခရစ်တော်​သည် လူသား​အားလုံး​ကို ရွေးနုတ်​ရန် အသက်​ပေးတော်မူခဲ့ပြီး ဘုရားသခင်​သည် ထို​အကြောင်း​ကို အချိန်တန်​သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။


ဘုရားသခင်​သည် အချိန်တန်​သောအခါ လူ​၏​ဟောပြောခြင်း​နည်း​ဖြင့် တရားတော်​ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်​သည် ကယ်တင်ရှင်​ဘုရားသခင်​၏ အမိန့်တော်​ဖြင့် ဤ​တရားတော်​ကို ဟောပြော၏။