ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ရောမ 9:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ‘သင်တို့သည် ငါ့လူမျိုးမဟုတ်’ ဟု ပြောဆိုခံခဲ့ရသော ထိုအရပ်၌ပင် သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏ သားသမီးများ’ ဟု အခေါ်ခံရကြလိမ့်မည်” ဟူ၍ ဖြစ်၏။ Common Language Bible မည်သည့်အရပ်၌မဆိုသင်တို့သည် `ငါ၏ လူစုတော်မဟုတ်' ဟုအခေါ်ခံရသောသူတို့သည် `အသက်ရှင်တော်မူသောဘုရားသခင်၏ သားများ' ဟုအခေါ်ခံရကြလိမ့်မည်'' ဟူ၍မိန့်တော်မူပေသည်။- Garrad Bible ငါ့ လူ မျိုး မ ဟုတ် ဟု အ ခေါ် ခံ ရ သော နေ ရာ၌ ပင် အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် သား များ ဟု အ ခေါ် ခံ ရ ကြ လ တ္တံ့ ဟူ ၍ လည်း ကောင်း မိန့် တော် မူ ၏။ Judson Bible သင်တို့သည် ငါ၏လူမဟုတ်ဟု ပြောဆိုရာအရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ‘သင်တို့သည် ငါ၏လူမျိုးမဟုတ်’ဟု သူတို့အားမိန့်ဆိုထားသော ထိုအရပ်၌ပင် သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏သားများ’ဟူ၍ ခေါ်ဝေါ်ခြင်းခံရကြလိမ့်မည်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ |
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ထိုဂျူးတစ်မျိုးသားလုံးအတွက်သာမက ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်ကြသော ဘုရားသခင်၏သားသမီးများ အားလုံးကိုလည်း ပေါင်းစည်းစေရန်အတွက်ပါ အသေခံတော်မူမည့်အကြောင်းကို ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။
ဘုရားသခင်၏ ဝိညာဉ်တော် ဦးဆောင်လမ်းပြမှုကို ခံယူသောသူတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ထိုဝိညာဉ်တော် ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။