သို့ဖြစ်၍ ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်၌ အသက်ရှင်သောသူများဖြစ်သည်” ဟု မိန့်တော်မူ၏။
ရောမ 6:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်တရားကို ဖျက်ဆီးရန် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူခြင်းဖြစ်၏။ ယခု အသက်ရှင်တော်မူသည်မှာ ဘုရားသခင်အတွက် အသက်ရှင်တော်မူခြင်းဖြစ်၏။ Common Language Bible သို့ဖြစ်၍ကိုယ်တော်အသေခံတော်မူသော ကြောင့်အပြစ်တရားသည်ကိုယ်တော်ကိုအစိုး မရတော့ချေ။ ယခုကိုယ်တော်သည်ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့လျက်အသက် ရှင်တော်မူ၏။- Garrad Bible ကိုယ် တော် အ သေ ခံ တော် မူ သည် မှာ အ ပြစ် တ ရား အ ရာ၌ တစ် ကြိမ် သာ ခံ တော် မူ၏။ အ သက် ရှင် တော် မူ သည် မှာ ဘု ရား သ ခင့် အ ဖို့ ရှင် တော် မူ၏။ Judson Bible ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့် တစ်ကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူရာမှာ၊ ဘုရားသခင့်အဖို့ ရှင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်အရာ၌ တစ်ကြိမ်တည်းနှင့်အပြီးအသေခံတော်မူသည်ဖြစ်၍ ယခုအသက်ရှင်တော်မူသည်မှာ ဘုရားသခင်၌ အသက်ရှင်တော်မူ၏။ |
သို့ဖြစ်၍ ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်၌ အသက်ရှင်သောသူများဖြစ်သည်” ဟု မိန့်တော်မူ၏။
ထိုနည်းတူ သင်တို့သည်လည်း အပြစ်တရားနှင့် အဆက်ပြတ်၍ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်အတွက် အသက်ရှင်သည်ဟု မိမိကိုယ်ကိုယ် မှတ်ယူကြလော့။
သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်သည် ထပ်မံသေဆုံးမည်မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ သေခြင်းတရားသည် ခရစ်တော်ကို အစိုးမရတော့ချေ။
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။
ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့ကိုယ်ကျိုးအတွက် အသက်မရှင်ဘဲ မိမိတို့အတွက် အသေခံ၍ တစ်ဖန်ရှင်ပြန်ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ရန် ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် သေလွန်သောသူတို့သည် သတင်းကောင်းကို ကြားခဲ့ရသောကြောင့်ဖြစ်၏။ သူတို့၏ကိုယ်ခန္ဓာသည် လူ့စံနှုန်းအားဖြင့် တရားစီရင်ခံရသော်လည်း သူတို့၏ဝိညာဉ်သည် ဘုရားသခင့်စံနှုန်းအားဖြင့် အသက်ရှင်နိုင်ရန်ရည်ရွယ်၍ သေလွန်သောသူတို့ကိုပင် သတင်းကောင်းဟောပြောရ၏။