ရောမ 6:10 - Common Language Bible10 သို့ဖြစ်၍ကိုယ်တော်အသေခံတော်မူသော ကြောင့်အပြစ်တရားသည်ကိုယ်တော်ကိုအစိုး မရတော့ချေ။ ယခုကိုယ်တော်သည်ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့လျက်အသက် ရှင်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 ကိုယ် တော် အ သေ ခံ တော် မူ သည် မှာ အ ပြစ် တ ရား အ ရာ၌ တစ် ကြိမ် သာ ခံ တော် မူ၏။ အ သက် ရှင် တော် မူ သည် မှာ ဘု ရား သ ခင့် အ ဖို့ ရှင် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့် တစ်ကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူရာမှာ၊ ဘုရားသခင့်အဖို့ ရှင်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 အကြောင်းမူကား ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်အရာ၌ တစ်ကြိမ်တည်းနှင့်အပြီးအသေခံတော်မူသည်ဖြစ်၍ ယခုအသက်ရှင်တော်မူသည်မှာ ဘုရားသခင်၌ အသက်ရှင်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်တရားကို ဖျက်ဆီးရန် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူခြင်းဖြစ်၏။ ယခု အသက်ရှင်တော်မူသည်မှာ ဘုရားသခင်အတွက် အသက်ရှင်တော်မူခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-