ရောမ 5:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သည်းခံခြင်းသည် ဘုရားသခင်နှစ်သက်တော်မူသောစာရိတ္တကိုလည်းကောင်း၊ ဘုရားသခင်နှစ်သက်တော်မူသောစာရိတ္တသည် ကယ်တင်ခြင်းအတွက် မျှော်လင့်ခြင်းကိုလည်းကောင်း ဖြစ်ပေါ်စေကြောင်း ကျွန်ုပ်တို့သိသောကြောင့်ဖြစ်၏။ Common Language Bible ခံနိုင်ရည်သည်ဘုရားသခင်၏နှစ်သက်မှုကို လည်းကောင်း၊ ဘုရားသခင်၏နှစ်သက်မှုသည် မျှော်လင့်ခြင်းကိုလည်းကောင်း ပြုစု၍ပေး တတ်ကြောင်းကိုငါတို့သိကြ၏။- Judson Bible သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်းကို ပြုစုတတ်၏။- မြန်မာ့စံမီသမ္မာကျမ်း သည်းခံခြင်းသည် ပါရမီရင့်ကျက်ခြင်းကိုလည်းကောင်း၊ ပါရမီရင့်ကျက်ခြင်းသည် မျှော်လင့်ခြင်းကိုလည်းကောင်း ဖြစ်ပေါ်စေသည်ကို ငါတို့သိကြ၏။ |
ထိုသို့ ကျမ်းစာ၌ ယခင်က ရေးသားခဲ့သောအရာများသည် ကျွန်ုပ်တို့ကို သွန်သင်ရန် ရေးသားထားခြင်းဖြစ်ပြီး ထိုကျမ်းစာမှ ရရှိသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ကျွန်ုပ်တို့တွင် မျှော်လင့်ချက်ရှိစေရန် ဖြစ်၏။
သို့သော် တိမောသေကမူ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ သားအဖကဲ့သို့ သစ္စာရှိစွာ အစေခံပြီး ခရစ်တော်၏ အကျိုးကိုသာ ရှာကြောင်း သက်သေပြခဲ့သည်ကို သင်တို့သိကြ၏။
ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့စိတ်ဝိညာဉ်အတွက် လုံခြုံခိုင်ခံ့သောကျောက်ဆူးတစ်ခုကဲ့သို့ ဖြစ်၏။ ၎င်းသည် ကန့်လန့်ကာနောက်ကွယ်၌ရှိသော အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်လေ၏။
ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။