Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 5:4 - Common Language Bible

4 ခံ​နိုင်​ရည်​သည်​ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​ကို လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ပြု​စု​၍​ပေး တတ်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သည်းခံ​ခြင်း​သည် ပါရမီ​ရင့်ကျက်​ခြင်း​ကို​လည်းကောင်း၊ ပါရမီ​ရင့်ကျက်​ခြင်း​သည် မျှော်လင့်​ခြင်း​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​သည်​ကို ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 သည်းခံခြင်း​သည် ဘုရားသခင်​နှစ်သက်တော်မူသော​စာရိတ္တ​ကို​လည်းကောင်း၊ ဘုရားသခင်​နှစ်သက်တော်မူသော​စာရိတ္တ​သည် ကယ်တင်ခြင်း​အတွက် မျှော်လင့်ခြင်း​ကို​လည်းကောင်း ဖြစ်ပေါ်စေကြောင်း ကျွန်ုပ်တို့​သိ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 5:4
17 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​ပင် စောင့်​မျှော်​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​အ​ဖန်​ဖန်​အ​ခါ​ခါ ထော​မ​နာ​ပြု​ပါ​မည်။


သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။


ကျမ်း​စာ​တော်​တွင်​ရေး​သား​ဖော်​ပြ​ထား​သ​မျှ သော​အ​ရာ​တို့​သည် ငါ​တို့​အား​သွန်​သင်​ဆုံး​မ​ရန် အ​တွက်​ဖြစ်​၏။ ယင်း​သို့​ရေး​သား​ဖော်​ပြ​ရ​ခြင်း မှာ​ငါ​တို့​သည်​ကျမ်း​စာ​တော်​မှ​ရ​ရှိ​သည့် သည်း​ခံ မှု​နှင့်​နှစ်​သိမ့်​မှု​တို့​အား​ဖြင့်​မိ​မိ​တို့​၌​မျှော်​လင့် ခြင်း​ရ​ရှိ​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။-


တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။-


ထို​မျှော်​လင့်​ချက်​သည်​ငါ​တို့​ဘ​ဝ​အ​တွက် ချ​ထား​သည့်​လုံ​ခြုံ​ခိုင်​ခန့်​သော​ကျောက်​ဆူး အ​ဖြစ် ကောင်း​ကင်​ဗိ​မာန်​တော်​ကန့်​လန့်​ကာ ကို​ထိုး​ဖောက်​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ​သည်။-


စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။-


သို့​ရာ​တွင်​သင်​တို့​သည်​အ​ချိန်​အ​နည်း​ငယ်​မျှ ယင်း​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ပြီး​နောက်​ကျေး​ဇူး တော်​အ​ပေါင်း​၏​အ​ရှင်၊ သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက် ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​တော်​ကို​ဝင်​စား​ခွင့်​ပေး​ရန်​ဖိတ် ခေါ်​တော်​မူ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​သင်​တို့​အား​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ပြု ပြင်​ပေး​တော်​မူ​၍ သင်​တို့​အား​ခိုင်​ခံ့​စေ​တော်​မူ ပြီး​လျှင်​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​လျက်​ကြံ့​ခိုင် စွာ​ရပ်​တည်​စေ​တော်​မူ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ