ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ရောမ 5:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် အပြစ်တရားသည် သေခြင်းတရားအားဖြင့် အုပ်စိုးခဲ့သကဲ့သို့ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရရှိစေရန် ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းတရားအားဖြင့် အုပ်စိုးတော်မူ၏။ Common Language Bible သို့ဖြစ်၍အပြစ်တရားသည်သေခြင်းတရား အားဖြင့် စိုးမိုးခဲ့သည်နည်းတူငါတို့၏အရှင် ယေရှုခရစ်အားဖြင့် ငါတို့အားထာဝရအသက် ကိုရစေရန်ဘုရားသခင်၏ကျေးဇူးတော်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့်စိုးမိုးသတည်း။ Garrad Bible သို့ မှ အ ပြစ် တ ရား သည် သေ ခြင်း အ လို့ ငှါ မင်း မူ ခဲ့ သည့် နည်း တူ ပင် ကျေး ဇူး တ ရား သည် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ဖြောင့် မတ် ခြင်း ကြောင့် ထာ ဝ ရ အ သက် အ လို့ ငှါ မင်း မူ ရ လိမ့် သ တည်း။ Judson Bible ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည် သေခြင်းအားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရလေအံ့သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား အပြစ်သည် သေခြင်းအားဖြင့် စိုးမိုးခဲ့သည့်နည်းတူ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းအားဖြင့် စိုးမိုးလျက် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။ |
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
သူတို့အား ထာဝရအသက်ကို ငါပေးသဖြင့် သူတို့သည် သေခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ မည်သူမျှ သူတို့ကို ငါ့လက်မှ လုယူသွားနိုင်မည်မဟုတ်။
အာဗြဟံနှင့် သူ၏ မျိုးဆက်များအား ဤကမ္ဘာလောကကို အမွေပေးမည်ဟူသော ဘုရားသခင်၏ကတိတော်မှာ ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းဖြင့် ရသည်မဟုတ်။ ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းဖြင့် ရ၏။
အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
မည်သို့ပင်ဖြစ်စေ အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ ဘုရားသခင်၏ပညတ်တော်ကို အာဒံချိုးဖောက်၍ အပြစ်ကျူးလွန်သည့်နည်းတူ မကျူးလွန်ခဲ့သောသူတို့ပင် သေကြရ၏။ အာဒံသည် နောင်အခါ ပေါ်ထွန်းလာမည့် ခရစ်တော်၏ နမူနာပုံဖြစ်၏။
လူတစ်ဦးဖြစ်သော အာဒံ၏အပြစ်ကြောင့် လူများစွာကို သေခြင်းတရားက အုပ်စိုးလျှင် လူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ ကြွယ်ဝသောဆုကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်းဟူသော လက်ဆောင်ကို လက်ခံရရှိသူအပေါင်းတို့က အသက်ရှင်လျက် ပို၍ပင် အုပ်စိုးကြလိမ့်မည်။
ထို့ကြောင့် အပြစ်ပြုလိုစိတ်နောက်သို့ မလိုက်မိစေရန် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကို အပြစ်တရားအား အစိုးမရစေနှင့်။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
သင်တို့သည် တစ်စုံတစ်ဦးအား နာခံရန် မိမိကိုယ်မိမိ ဆက်သလျှင် ထိုသူ၏ ကျွန်ဖြစ်လာသည်ကို မသိသလော။ သို့ဖြစ်၍ သင်တို့သည် သင်တို့ကို သေစေမည့်အပြစ်တရား၏ကျွန်လည်း ဖြစ်နိုင်သကဲ့သို့ ဖြောင့်မတ်စွာ နေထိုင်စေမည့်နာခံခြင်း၏ကျွန်လည်း ဖြစ်နိုင်၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင် သင်တို့၏ ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေရသော်လည်း သင်တို့၏ ဝိညာဉ်မှာမူ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် အသက်ရှင်ရ၏။ အကြောင်းမှာ သင်တို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားလာသောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကရုဏာတော်နှင့် ကျေးဇူးတော်ကို ခံစားလျက် လိုအပ်သည့်အချိန်၌ ကူညီမစတော်မူခြင်းခံရရန် ဘုရားသခင်၏ ကျေးဇူးတော်ရာဇပလ္လင်သို့ ရဲရင့်စွာ ချဉ်းကပ်ကြကုန်စို့။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။