ညနေငါးနာရီခန့်တွင် အလုပ်ဝင်သည့်သူများ ရောက်လာသော် စီမံခန့်ခွဲရေးမှူးသည် ထိုသူတို့အား ငွေဒင်္ဂါးတစ်ပြားစီ ပေးလေ၏။
ရောမ 5:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့အနေဖြင့် မိမိတို့မည်မျှအပြစ်များကြောင်း သိမြင်လာကြရန် ဘုရားသခင်သည် ပညတ်တရားကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့ပို၍ အပြစ်ကျူးလွန်လေ ဘုရားသခင်၏ကျေးဇူးတော်သည် ပို၍ ကြွယ်ဝလေဖြစ်၏။ Common Language Bible အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။- Garrad Bible ပ ညတ် တ ရား သည် လွန် ကျူး မှု ဖောင်း ပွ စေ ရန် ထပ် ဝင် သော် လည်း အ ပြစ် တ ရား ဖောင်း ပွ ရာ၌ ကျေး ဇူး တ ရား သာ၍ ကြွယ် ဝ ၏။ Judson Bible ထိုမှတစ်ပါး၊ ပညတ်တရားသည် တစ်ဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ် ပွားများ၏။ သို့သော်လည်း အပြစ်ပွားများသည်အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။- မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားမူကား ကျူးလွန်သောအပြစ်ကို များပြားစေရန်ဝင်ရောက်ခဲ့၏။ သို့သော် အပြစ်များပြားလာသည့်နေရာ၌ ကျေးဇူးတော်သည် ပို၍ပြည့်စုံကြွယ်ဝလေ၏။ |
ညနေငါးနာရီခန့်တွင် အလုပ်ဝင်သည့်သူများ ရောက်လာသော် စီမံခန့်ခွဲရေးမှူးသည် ထိုသူတို့အား ငွေဒင်္ဂါးတစ်ပြားစီ ပေးလေ၏။
‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’ ဟူသည့် ကျမ်းစကားကို သင်တို့ သွား၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် ငါလာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင့်အား ငါပြောလိုသည်မှာ သူ၏အပြစ်သည် အလွန်များပြားလှသော်လည်း သူသည် ခွင့်လွှတ်ခြင်းကို ခံရပြီ။ ထို့ကြောင့် သူသည် ငါ့ကို များစွာ ချစ်တော်မူ၏။ အနည်းငယ်သောအပြစ်လွှတ်ခြင်းကို ခံရသောသူသည် အနည်းငယ်သာချစ်တော်မူ၏” ဟု မိန့်တော်မူ၏။
သူခိုးသည် ခိုးဝှက်ရန်၊ သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်အတွက်သာ လာ၏။ ငါသည် သိုးတို့ကို အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လည်း လာ၏။
ငါသည် လာ၍ ထိုသူတို့ကို မဟောပြောခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် သူတို့၏အပြစ်များအတွက် ဆင်ခြေမပေးနိုင်တော့ပေ။
ပညတ်တရားကို မနာခံသောသူတို့သည် ပြစ်ဒဏ်ပေးခြင်းခံရ၏။ ပညတ်တရားမရှိလျှင်မူ ချိုးဖောက်စရာလည်း မရှိပေ။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အံ့ဖွယ်ကျေးဇူးတော်ကို ပိုမို ခံစားနိုင်ရန် ဆက်၍ အပြစ်ကျူးလွန်နေရမည်လော။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။