ရောမ 5:20 - Common Language Bible20 အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 ပ ညတ် တ ရား သည် လွန် ကျူး မှု ဖောင်း ပွ စေ ရန် ထပ် ဝင် သော် လည်း အ ပြစ် တ ရား ဖောင်း ပွ ရာ၌ ကျေး ဇူး တ ရား သာ၍ ကြွယ် ဝ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ထိုမှတစ်ပါး၊ ပညတ်တရားသည် တစ်ဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ် ပွားများ၏။ သို့သော်လည်း အပြစ်ပွားများသည်အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ပညတ်တရားမူကား ကျူးလွန်သောအပြစ်ကို များပြားစေရန်ဝင်ရောက်ခဲ့၏။ သို့သော် အပြစ်များပြားလာသည့်နေရာ၌ ကျေးဇူးတော်သည် ပို၍ပြည့်စုံကြွယ်ဝလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 လူတို့အနေဖြင့် မိမိတို့မည်မျှအပြစ်များကြောင်း သိမြင်လာကြရန် ဘုရားသခင်သည် ပညတ်တရားကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့ပို၍ အပြစ်ကျူးလွန်လေ ဘုရားသခင်၏ကျေးဇူးတော်သည် ပို၍ ကြွယ်ဝလေဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
ယခုသင်သည်မိမိအရှက်ကွဲမှုကိုခံစား ရမည်။ သင့်ညီအစ်မများအတွက် တရားမျှ တမှုအချို့ဆောင်ရွက်ခဲ့ပြီ။ သင်၏အပြစ် များသည်သင့်ညီအစ်မတို့၏အပြစ်များ ထက် လွန်စွာပို၍ဆိုးရွားသဖြင့် သူတို့သည် သင်နှင့်စာသော်အပြစ်မဲ့သူများကဲ့သို့ ဖြစ်ကြ၏။ ယင်းသို့မိမိ၏ညီအစ်မတို့အား အပြစ်မဲ့သူများကဲ့သို့ထင်မှတ်စေသော ကြောင့် သင်သည်မိမိအရှက်ကွဲမှုကိုခံစား လော့'' ဟုမိန့်တော်မူ၏။