Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 5:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 လူတစ်ဦး​၏ မနာခံခြင်း​ကြောင့် လူများစွာတို့​သည် အပြစ်သားများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ​သကဲ့သို့ လူတစ်ဦး​၏ နာခံခြင်း​ကြောင့် လူများစွာတို့​သည် ဖြောင့်မတ်သူများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 လူ​တစ်​ဦး​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင် သော​အား​ဖြင့်​လူ​အ​ပေါင်း​တို့​အ​ပြစ်​ကူး​သူ များ​ဖြစ်​ရ​ကြ​သည်​နည်း​တူ အ​ခြား​လူ​တစ်​ဦး သည်​ဘု​ရား​စ​ကား​ကို​နာ​ခံ​သော​အား​ဖြင့်​လူ အ​ပေါင်း​တို့​သည်​ဘုရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တစ် နည်း တစ် ဦး၏ နား မ ထောင် ခြင်း ကြောင့် အ များ သည် အ ပြစ် သား အ ဖြစ် ရောက် သည့် နည်း တူ ပင်၊ တစ် ပါး သူ၏ နား ထောင် ခြင်း ကြောင့် အ များ သည် ဖြောင့် မတ် သူ့ အ ဖြစ် ရောက် ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် အ​ပြစ်​ရောက်​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ​သည် နား​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တစ်နည်းဆိုသော် လူ​တစ်​ယောက်​၏​မ​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် အပြစ်သား​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​သည့်​နည်းတူ တစ်​ယောက်​သော​သူ​၏​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် ဖြောင့်မတ်​သော​သူ​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 5:19
10 ပူးပေါင်းရင်းမြစ်များ  

လူအပေါင်းတို့​သည် မနာခံကြ​သောကြောင့် ပြစ်ဒဏ်​ခံထိုက်​ကြောင်း ဘုရားသခင်​ပြသတော်မူ၏။ ဤသို့ ပြသတော်မူရခြင်း​မှာ လူအပေါင်းတို့​အပေါ် ကရုဏာ​ထားလို​သောကြောင့်​ပင် ဖြစ်၏။


အပြစ်​သည် လူတစ်ဦး​ကြောင့် ကမ္ဘာလောက​သို့ ဝင်လာခဲ့၏။ အပြစ်​ကြောင့် သေခြင်းတရား​ပေါ်ပေါက်လာသည်​နှင့်အညီ လူအပေါင်းတို့​သည် အပြစ်ကျူးလွန်​သောကြောင့် သေခြင်းတရား​နှင့် ရင်ဆိုင်ကြရ၏။


သို့ရာတွင် အာဒံ​၏​အပြစ်​နှင့် ဘုရားသခင်​၏ ဆုကျေးဇူး​သည် အလွန်​ကွာခြား၏။ ဤ​လူတစ်ဦး​ဖြစ်သော အာဒံ​၏ အပြစ်​ကြောင့် လူများစွာ​သည် သေကြရ၏။ သို့သော် အခြားသူ​တစ်ဦး​ဖြစ်သော ယေရှု​ခရစ်တော်​အားဖြင့် လူများစွာ​က ရရှိသော​ဘုရားသခင်​၏​ကျေးဇူးတော်​နှင့် ခွင့်လွှတ်ခြင်း​ဟူသည့်​လက်ဆောင်​သည် ပို၍ ကြီးမား၏။


သို့ဖြစ်၍ အာဒံ​၏ အပြစ်​တစ်ခု​ကြောင့် လူအပေါင်းတို့​သည် ပြစ်ဒဏ်​ချမှတ်ခံရ​သကဲ့သို့ ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​တစ်ခု​ကြောင့် လူအပေါင်းတို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရပြီး အသက်ရှင်ခွင့်​ကို​ရကြ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


ထို့ကြောင့် ချစ်တော်မူသော သားတော်​အားဖြင့် ကျွန်ုပ်တို့​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုန်းကြီးသော​ကျေးဇူးတော်​အတွက် ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချီးမွမ်းကြရမည်​ဖြစ်၏။


လူသား​အဖြစ် ရှိနေချိန် မိမိ​ကိုယ်ကိုယ် နှိမ့်ချ​၍ လက်ဝါးကပ်တိုင်​ပေါ်တွင် အသေခံသည့်​တိုင်အောင် ဘုရားသခင်​ကို နာခံတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ