ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
ရောမ 5:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားမပေါ်မီကပင် လူတို့သည် အပြစ်ကျူးလွန်ကြ၏။ သို့သော် ချိုးဖောက်စရာ ပညတ်တရားမရှိသေးသောကြောင့် ထိုကျူးလွန်ခြင်းကို အပြစ်ဟူ၍ မသတ်မှတ်ခဲ့ကြပေ။ Common Language Bible ပညတ်တရားမပေါ်မီအခါကလူတို့သည် အပြစ်ကူးခဲ့ကြ၏။ သို့သော်ထိုစဉ်အခါက တရားဥပဒေမရှိသဖြင့်လူတို့၏အပြစ် များကိုမှတ်သားထားခြင်းမရှိ။- Garrad Bible ပ ညတ် တ ရား မ ရှိ မီ ဤ လော က၌ အ ပြစ် တည် နှင့် လျက် ပင်၊ ပ ညတ် တ ရား မ ရှိ သည့် ကာ လ အ ပြစ် မ တင် ရ သော် လည်း၊ Judson Bible ပညတ်တရားကို မထားမီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားမျှ မရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊- မြန်မာ့စံမီသမ္မာကျမ်း တစ်နည်းကား ပညတ်တရားကိုမပေးမီကပင် အပြစ်သည် ဤလောက၌ရှိ၏။ သို့သော် ပညတ်တရားမရှိလျှင် အပြစ်ကို အပြစ်ဟု မှတ်ယူ၍မရ။ |
ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
ပညတ်တရားကို မနာခံသောသူတို့သည် ပြစ်ဒဏ်ပေးခြင်းခံရ၏။ ပညတ်တရားမရှိလျှင်မူ ချိုးဖောက်စရာလည်း မရှိပေ။
ကျွန်ုပ်တို့သည် အချင်းချင်းချစ်သောကြောင့် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းသည်ကို ကျွန်ုပ်တို့သိကြ၏။ မိမိညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌ပင် ရှိနေသေး၏။
အပြစ်ကျူးလွန်သောသူသည် ပညတ်တရားကို ချိုးဖောက်၏။ အပြစ်ဟူသည်မှာ ပညတ်တရားကို ချိုးဖောက်ခြင်းဖြစ်၏။