ထိုသို့ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူစရာရှိ၏။
ရောမ 4:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ အာဗြဟံသည် သူ၏အကျင့်သီလကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရလျှင် သူ၌ ဂုဏ်ယူဝင့်ကြွားစရာရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဂုဏ်ယူဝင့်ကြွားစရာမရှိ။ Common Language Bible အကယ်၍အာဗြဟံသည်မိမိ၏အကျင့် သီလအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိပါမူ သူ့မှာဂုဏ်ယူဝါ ကြွားစရာအကြောင်းရှိပေသည်။ သို့ရာတွင် သူသည်ဘုရားသခင်၏ရှေ့တော်မှောက်တွင် ထိုသို့ဂုဏ်ယူဝါကြွားမှုကိုမပြုနိုင်။- Garrad Bible အာ ဗြ ဟံ သည် ကိုယ် ကျင့် အား ဖြင့် ဖြောင့် မတ် ရာ ရောက် သည် မှန် က ဝါ ကြွား ရန် အ ကြောင်း ရှိ လေ ပြီ။ ဘု ရား သ ခင့် ရှေ့ တော် မှာ မူ ရှိ သည် မ ဟုတ်။ Judson Bible အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်းရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့မဟုတ်ပေ။ |
ထိုသို့ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူစရာရှိ၏။
ထို့ကြောင့် ကျမ်းစာ၌ “ကြွားဝါသောသူသည် ထာဝရဘုရားပြုတော်မူသော အရာအတွက်သာ ကြွားဝါစေ” ဟု ဖော်ပြထားခြင်းဖြစ်၏။
မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။
သို့သော်လည်း သတင်းကောင်းကို ဟောပြောခြင်းသည် ကျွန်ုပ်အတွက် ကြွားဝါစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌ မဖြစ်မနေဟောပြောရမည့်တာဝန်ရှိသောကြောင့်ဖြစ်၏။ ထိုသတင်းကောင်းကို မဟောပြောလျှင် ကျွန်ုပ်သည် အမင်္ဂလာရှိ၏။
သို့ရာတွင် ကျွန်ုပ်တို့ကဲ့သို့ လုပ်ဆောင်သည်ဟူသော တန်းတူကြွားဝါခွင့်ကို ရလိုသောသူတို့အား ထိုအခွင့်ကို မရစေရန် ဆက်၍ သင်တို့ထံမှ ထောက်ပံ့ငွေကို ကျွန်ုပ်လက်ခံမည်မဟုတ်။
ကျွန်ုပ်ကြွားဝါရမည်ဆိုလျှင် ကျွန်ုပ်၏အားနည်းချက်ကိုသာ အကြောင်းပြု၍ ကြွားဝါမည်။
ကျွန်ုပ်တို့သည် သင်တို့ရှေ့၌ တစ်ဖန် မိမိကိုယ်ကိုယ် ထောက်ခံချီးမွမ်းနေကြသည်မဟုတ်။ ကျွန်ုပ်တို့အတွက် သင်တို့ဂုဏ်ယူနိုင်ရန် အခွင့်ပေးနေခြင်းသာဖြစ်၏။ သို့မှသာ အတွင်းစိတ်ကို မကြည့်ဘဲ အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်၍ ဂုဏ်ယူတတ်သောသူတို့၏ စကားကို သင်တို့ချေပနိုင်မည်ဖြစ်၏။
သို့သော် လူအပေါင်းတို့သည် အပြစ်၏ ချုပ်နှောင်မှုအောက်၌ ကျရောက်လျက်ရှိကြောင်း ကျမ်းစာတွင် ဖော်ပြထား၏။ ဤသည်မှာ ဘုရားသခင်သည် ယေရှုခရစ်တော်ကို ယုံကြည်သောသူတို့အား မိမိကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကို ပေးသနားတော်မူရန် ဖြစ်၏။
မိမိ ပြုသော ကုသိုလ်ကြောင့် ကယ်တင်ခံရခြင်း မဟုတ်။ သို့ဖြစ်၍ မည်သူမျှ ကြွားဝါစရာအကြောင်း မရှိပေ။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။