ယေရှုက “ဤသူသည် အာဗြဟံ၏မျိုးဆက်ဖြစ်သောကြောင့် ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်တွင် သက်ရောက်လေပြီ။
ရောမ 4:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိ၏။ ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့် အာဗြဟံ၏ မျိုးဆက်အားလုံး လက်ခံရရှိမည်မှာ အမှန်ပင်ဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့ဖြစ်စေ၊ မကျင့်သုံးသောသူတို့ဖြစ်စေ အာဗြဟံ၌ရှိသည့် ယုံကြည်ခြင်းမျိုး ရှိသောသူမှန်လျှင် လက်ခံရရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ယုံကြည်သောသူတို့၏ ဖခင်ကြီးဖြစ်သောကြောင့်ပင်ဖြစ်၏။ Common Language Bible သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။- Garrad Bible သို့ နှင့် အ ညီ ပ ညတ် တ ရား တော် ဆိုင် ရာ အ မျိုး အ နွယ်၌ သာ က တိ တော် ကို တည် စေ ရန် မ ဟုတ်။ လူ သေ တို့ အား ရှင် ပြန် စေ ခြင်း၊ မ ဖြစ် သေး သူ တို့ အား ဖြစ် ပြီး ကဲ့ သို့ မိန့် ဆို ခြင်း ပြု တော် မူ သော ဘု ရား သ ခင့် မျက် မှောက် တော် တွင် ယုံ ကြည် သူ သင့် ကို လူ မျိုး အ များ တို့၏ အ ဘ ဦး အ ဖြစ် ငါ ခန့် ထား ပြီ ဟု ကျမ်း ချက် အ ရ ငါ တို့ ရှိ သ မျှ၏ အ ဘ ဖြစ် သူ အာ ဗြ ဟံ၏ သ ဒ္ဓါ ဆိုင် ရာ အ မျိုး အ နွယ် အ ပေါင်း တို့၌ လည်း ကျေး ဇူး တော် အား ဖြင့် တည် စေ ရန် ယုံ ကြည် ခြင်း ကြောင့် ဖြစ် သ တည်း။ Judson Bible ထိုကြောင့်၊ ကတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကတိတော်သည် ယုံကြည်ခြင်းနှင့်ဆိုင်၏။ ဤသည်ကား ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့်ဖြစ်စေ၍ ပညတ်တရားနှင့်ဆိုင်သောအမျိုးအနွယ်အတွက်သာမကဘဲ အာဗြဟံ၏ယုံကြည်ခြင်းနှင့်ဆိုင်သည့်အမျိုးအနွယ်အပါအဝင် အမျိုးအနွယ်ရှိသမျှတို့အတွက် တည်မြဲစေရန်ဖြစ်၏။ |
ယေရှုက “ဤသူသည် အာဗြဟံ၏မျိုးဆက်ဖြစ်သောကြောင့် ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်တွင် သက်ရောက်လေပြီ။
ခရစ်တော်သည် ဂျူးလူမျိုးတို့၏ အစေခံအဖြစ် ကြွလာရခြင်းမှာ ဘုရားသခင်သည် ဘိုးဘေးတို့အား ပေးတော်မူသောကတိကို တည်တော်မူသောအရှင်ဖြစ်ကြောင်း ပြသရန် ဖြစ်၏။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။ ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
ဆိုလိုသည်မှာ အာဗြဟံ၏သွေးသားအားဖြင့် မွေးဖွားလာသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်မဟုတ်။ ဘုရားသခင်၏ကတိတော်အတိုင်း မွေးဖွားလာသောသားသမီးသာလျှင် အာဗြဟံ၏ သားသမီးအစစ်အမှန် ဖြစ်ကြ၏။
ဤသို့ ရွေးနုတ်တော်မူခြင်းမှာ လူမျိုးခြားတို့သည် ယေရှုခရစ်တော်အားဖြင့် အာဗြဟံခံစားရသော ကောင်းချီးမင်္ဂလာကို ခံစားနိုင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိနိုင်ရန်လည်းကောင်းဖြစ်၏။
ဘုရားသခင်သည် အာဗြဟံနှင့် သူ၏မျိုးနွယ်အတွက် ကတိပြုတော်မူ၏။ ထိုသို့ ကတိပြုတော်မူရာတွင် အများကို ရည်ညွှန်း၍ “အမျိုးအနွယ်များ” ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူကိုသာ ရည်ညွှန်း၍ “သင်၏ အမျိုးအနွယ်” ဟု မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူမှာ ခရစ်တော်ဖြစ်၏။
သို့သော် လူအပေါင်းတို့သည် အပြစ်၏ ချုပ်နှောင်မှုအောက်၌ ကျရောက်လျက်ရှိကြောင်း ကျမ်းစာတွင် ဖော်ပြထား၏။ ဤသည်မှာ ဘုရားသခင်သည် ယေရှုခရစ်တော်ကို ယုံကြည်သောသူတို့အား မိမိကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကို ပေးသနားတော်မူရန် ဖြစ်၏။
အပြစ်များကြောင့် သေလျက်ရှိသော ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်းခံရသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
သင်တို့သည် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရ၏။ သင်တို့ကိုယ်တိုင် ပြုသော ကုသိုလ်ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်ဖြစ်၏။
ဤသည်မှာ ကျွန်ုပ်တို့သည် ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရအသက်ကို အမွေခံနိုင်ရန်ဖြစ်၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးချယ်ခေါ်ယူတော်မူသည့်သူများဖြစ်ကြောင်း သက်သေပြနိုင်ရန် ပို၍ ကြိုးစားအားထုတ်ကြလော့။ ဤသို့ ပြုလျှင် သင်တို့သည် ယုံကြည်ခြင်းကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်။