သူသည် မိမိအား ကူညီဆောင်ရွက်ပေးသူ တိမောသေနှင့် ဧရတ္တုကို မာကေဒေါနိပြည်သို့ စေလွှတ်၍ အာရှပြည်၌ ကာလအနည်းငယ်ဆက်နေလေ၏။
ရောမ 16:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်နှင့် အသင်းသားအပေါင်းတို့ကို ဧည့်ခံသော အိမ်ရှင်ဂါယုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ကျွန်ုပ်တို့၏ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ Common Language Bible ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။- Garrad Bible ငါ မှ စ၍ အ သင်း တော် လုံး ကို ဧည့် ခံ သူ ဂါ ယု က လည်း နှုတ် ဆက် လိုက်၏။ မြို့ ဘ ဏ္ဍာ ဝန် ဧ ရ တ္တု နှင့် ညီ အစ် ကို ကွာ တု တို့ က လည်း နှုတ် ဆက် လိုက် ကြ၏။ Judson Bible ငါ့ကိုလည်းကောင်း၊ သင်းဝင်သူ အပေါင်းတို့ကိုလည်းကောင်း လက်ခံ၍ ဧည့်သည်ဝတ်ပြုတတ်သော ဂါယု၊ မြို့စာရေး ဧရတ္တု၊ သင်တို့ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။ |
သူသည် မိမိအား ကူညီဆောင်ရွက်ပေးသူ တိမောသေနှင့် ဧရတ္တုကို မာကေဒေါနိပြည်သို့ စေလွှတ်၍ အာရှပြည်၌ ကာလအနည်းငယ်ဆက်နေလေ၏။
တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်သားများဖြစ်ကြသော တုခိတ်နှင့် တရောဖိမ်တို့သည် ပေါလုနှင့်အတူ လိုက်ပါသွားကြ၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ အာမင်။
ကျွန်ုပ်သည် ကရိပ္ပုနှင့် ဂါယုမှလွဲ၍ သင်တို့ထဲက မည်သူ့ကိုမျှ နှစ်ခြင်းမင်္ဂလာမပေးခဲ့သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်၏။
ဧရတ္တုသည် ကောရိန္သုမြို့တွင် နေရစ်ခဲ့၏။ တရောဖိမ်မှာမူ နာမကျန်းဖြစ်သောကြောင့် မိလက်မြို့တွင် ကျွန်ုပ်ချန်ထားခဲ့ရ၏။