ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ရောမ 16:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် မကြာမီ စာတန်ကို သင်တို့၏ ခြေအောက်တွင် ကြေမွစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော။ Common Language Bible ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။ Garrad Bible ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် စာ တန် ကို သင် တို့ ခြေ အောက် တွင် မ ကြာ မှီ အ နင်း ခံ စေ တော် မူ လိမ့် မည်။ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် သည် သင် တို့၌ တည် ရှိ ပါ စေ သော။ Judson Bible ငြိမ်သက်ခြင်းအရှင် ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက်တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိပါစေသော။- မြန်မာ့စံမီသမ္မာကျမ်း ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။ |
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ကြည့်လော့။ ငါသည် သင်တို့ကို မြွေဆိုးနှင့် ကင်းမြီးကောက်များအပေါ်တွင် နင်းခြေရသောအခွင့်နှင့် ရန်သူများအပေါ် အုပ်စိုးရသော တန်ခိုးအာဏာကို ပေး၏။ မည်သည့်အရာမျှ သင်တို့ကို မထိခိုက်စေရ။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် သင်တို့အားလုံးနှင့်အတူ ရှိတော်မူပါစေသော။ အာမင်။
ကျွန်ုပ်နှင့် အသင်းသားအပေါင်းတို့ကို ဧည့်ခံသော အိမ်ရှင်ဂါယုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ကျွန်ုပ်တို့၏ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ အာမင်။
မကွဲကွာစေသည်သာမက ထိုအခက်အခဲများကြားမှပင် ကျွန်ုပ်တို့ကို ချစ်တော်မူသောခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် အထူးအောင်မြင်ကြ၏။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိဩဝါဒစာ ပြီးပါပြီ။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ခံစားရပါစေသော။ အာမင်။ ဖိလိပ္ပိဩဝါဒစာ ပြီးပါပြီ။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ခံစားရပါစေသော။ သက်သာလောနိတ်ဩဝါဒစာ ပထမစောင် ပြီးပါပြီ။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။
သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဖိလေမုန်ဩဝါဒစာ ပြီးပါပြီ။
အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။
ထို့နောက် ကောင်းကင်မှ ကျယ်လောင်သောအသံဖြင့် “ယခုတွင် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ခရစ်တော်၏ အခွင့်အာဏာတို့သည် ပေါ်ထွန်းလာပြီ။ ငါတို့ဘုရားသခင်၏ ရှေ့တော်၌ပင် ငါတို့၏ညီအစ်ကိုမောင်နှမများကို နေ့ရောညပါ စွပ်စွဲသူသည် ကမ္ဘာမြေပေါ်သို့ ပစ်ချခံရပြီ။
သခင်ယေရှု၏ ကျေးဇူးတော်သည် ယုံကြည်သူများအပေါ် သက်ရောက်ပါစေသော။ အာမင်။ ဗျာဒိတ်ကျမ်း ပြီးပါပြီ။