ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူတို့သည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ရောမ 16:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရား၏ အမှုတော်အတွက် သခင်ဘုရားကိုယ်တိုင် ရွေးကောက်တော်မူသော ရုဖုနှင့် ကျွန်ုပ်အတွက် မိခင်သဖွယ်ဖြစ်သောသူ၏မိခင်ကို နှုတ်ဆက်ပေးကြလော့။ Common Language Bible သခင်ဘုရား၏အမှုတော်ကိုထူးချွန်စွာ ဆောင်ရွက်သူရုဖုနှင့် ငါ၏အမိသဖွယ် ဖြစ်သောသူ၏အမိကိုနှုတ်ဆက်လိုက်၏။- Garrad Bible အ ရှင် ဘု ရား၌ ဧ တ ဒဂ် ရ သူ ရု ဖု မှ စ၍ ငါ့ အ မိ သ ဘွယ် ဖြစ် သော သူ့ အ မိ ကို နှုတ် ဆက် ကြ လော့။ Judson Bible မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်းဟူသော ငါ၏အမိကို နှုတ်ဆက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရား၌ရွေးကောက်ခံရသောသူ ရုဖုနှင့် ငါ၏မိခင်လည်းဖြစ်သော သူ့မိခင်ကို နှုတ်ဆက်ပေးကြလော့။ |
ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူတို့သည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအချိန်၌ စစ်သားများသည် တောရွာမှ ပြန်လာသော ကုရေနေမြို့သား ရှိမုန်ကိုတွေ့သဖြင့် သူ့အား ယေရှု၏ လက်ဝါးကပ်တိုင်ကို အတင်းအကျပ်ထမ်းစေကြ၏။ ရှိမုန်သည် အလက်ဇန်းဒါးနှင့် ရုဖုတို့၏ ဖခင်ဖြစ်၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
ထို့နောက် ထိုတပည့်တော်အား “ဤအမျိုးသမီးသည် သင်၏ မိခင်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် ယေရှု၏ မယ်တော်ကို မိမိအိမ်၌ ခေါ်ထားလေ၏။
သခင်ဘုရား၏ အမှုတော်ကို ကြိုးစားလုပ်ဆောင်ကြသည့် အမျိုးသမီးများဖြစ်သော တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ အလုပ်အလွန်ကြိုးစားသည့် ချစ်သော ပေရသိကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍ သူတို့နှင့်အတူရှိသော ညီအစ်ကိုမောင်နှမများကို နှုတ်ဆက်ပေးကြလော့။
ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်း၍ အပြစ်ကင်းသောသူများ ဖြစ်နိုင်ရန် ဘုရားသခင်သည် ကမ္ဘာမတည်ရှိမီကပင် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ရွေးချယ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသည့်အတွက်
သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့… ကျွန်ုပ်တို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင် သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းနှင့် သမ္မာတရားကို ယုံကြည်ခြင်းတို့ဖြင့် ကယ်တင်ခံရရန် ဘုရားသခင် ဦးစွာ ရွေးချယ်ထားသည့် လူစုတွင် ပါဝင်သောကြောင့် ဖြစ်၏။
အသက်ကြီးသောအမျိုးသမီးများကို မိခင်ကဲ့သို့လည်းကောင်း၊ အသက်ငယ်သောအမျိုးသမီးများကို နှမကဲ့သို့လည်းကောင်း စင်ကြယ်စွာ ပြုမူဆက်ဆံလော့။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။