ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။
ရောမ 13:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နေ့အချိန်၌ ပြုမူနေထိုင်သကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ပြုမူနေထိုင်ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ကိလေသာလွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့် မနာလိုခြင်းတို့ကို ရှောင်ကြဉ်ရမည်။ Common Language Bible ငါတို့သည်အလင်းတွင်ကျင်လည်သူများ ကဲ့သို့ကောင်းမွန်လျောက်ပတ်စွာပြုမူကျင့်ကြံ ကြရမည်။ အရက်သေစာသောက်ကြူးခြင်း၊ အကျင့်ဖောက်ပြားခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့်မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြရမည်။- Garrad Bible အ လင်း ဆိုင် ရာ လက် နက် စုံ ကို ဆင် ယင် ကြ သည့် ပြင် ပျော် ပါး၍ မူး ယစ် ခြင်း၊ မှား ယွင်း၍ ကာ မ ဂုဏ် လိုက် စား ခြင်း၊ ခိုက် ရန် ဖြစ်၍ ဆိုင် ပြိုင် ခြင်း များ ကို ရှောင် လျက် နေ့ အ ခါ နှင့် သင့် လျော် သော အ ကျင့် အ ကြံ များ ကို ပြု မူ ကြ ကုန် အံ့။ Judson Bible ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း အပျော်ကြူးခြင်းနှင့်သောက်စားမူးယစ်ခြင်းတို့၌လည်းကောင်း၊ ကိလေသာရှုပ်ထွေးခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့၌လည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့်မနာလိုခြင်းတို့၌လည်းကောင်း မကျင်လည်ကြဘဲ နေ့အချိန်၌လျှောက်လှမ်းသကဲ့သို့ တင့်တယ်လျောက်ပတ်စွာ အသက်ရှင်လျှောက်လှမ်းကြကုန်စို့။ |
ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။
တစ်ခါက သူဌေးတစ်ဦးရှိ၏။ သူသည် အဖိုးတန် ခရမ်းရောင်ပိတ်ချောအဝတ်ကို ဝတ်ဆင်ကာ စည်းစိမ်ခံစား၍ နေ့တိုင်း ပျော်ပါးလျက်နေ၏။
အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။
ယခုမှာ နံနက်ကိုးနာရီအချိန်ဖြစ်၍ ဤသူတို့သည် သင်တို့ထင်သကဲ့သို့ မူးယစ်ကြသည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူ့ဗီဇစိတ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြသေးသောကြောင့်ဖြစ်၏။ သင်တို့သည် အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် ရှိနေကြသည်မှာ သင်တို့၏ လူ့ဗီဇစိတ်က သင်တို့ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်းပင် မဟုတ်လော။ သင်တို့သည် လောကီသားကဲ့သို့ပင် ပြုမူနေထိုင်ကြသည်မဟုတ်လော။
လူ့ဗီဇစိတ်၏ လုပ်ဆောင်ချက်သည် သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊
သဝန်တိုခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းနှင့် ထိုကဲ့သို့သောအရာများဖြစ်၏။ ထိုသို့သောအရာများကို ပြုမူသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံကြရမည်မဟုတ်ကြောင်း ကျွန်ုပ်ယခင်က ပြောခဲ့သည့်အတိုင်း ယခုလည်း သတိပေးလိုက်၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်ကို မသိသောလူမျိုးခြားများကဲ့သို့ မနေထိုင်ကြရန် သခင်ဘုရား၏ အခွင့်အာဏာဖြင့် သင်တို့ကို ကျွန်ုပ် သတိပေးလို၏။ ထိုသူတို့၏ တွေးခေါ်ကြံဆမှုသည် အကျိုးမရှိပေ။
ထို့ကြောင့် သင်တို့ မည်ကဲ့သို့ ပြုမူနေထိုင်သည်ကို သတိပြုကြလော့။ ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ ပြုမူနေထိုင်ကြလော့။
ဘဝပျက်စေသော သောက်စားမူးယစ်ခြင်းကို ရှောင်ကြဉ်၍ သင်တို့၏ ဘဝကို ဝိညာဉ်တော်နှင့် ပြည့်ဝစေကြလော့။
သင်တို့သည် ယခင်က အမှောင် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သခင်ဘုရား၏ လူများ ဖြစ်လာကြသောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏ သားသမီးများကဲ့သို့ ပြုမူနေထိုင်ကြလော့။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
တစ်ကိုယ်ကောင်းဆန်သောစိတ်၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသောစိတ်ဖြင့် မည်သည့်အမှုကိုမျှ မပြုကြနှင့်။ တစ်ပါးသူတို့သည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်ဖြင့် မှတ်ယူကြလော့။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
မိမိနိုင်ငံတော်နှင့် ဘုန်းတော်အတွက် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်၏လူဖြစ်သည့်အလျောက် ဘုရားသခင်၏လူပီသစွာ ပြုမူနေထိုင်ရန် အားပေးနှစ်သိမ့်၍ တိုက်တွန်းနှိုးဆော်ကြ၏။
ထိုသို့ သင်တို့၏ နေ့စဉ်ပြုမူနေထိုင်ခြင်းကို မယုံကြည်သူများက မြင်သောအခါ သင်တို့ကို လေးစားလာကြမည်။ သင်တို့သည်လည်း မည်သူ့ကိုမျှ မှီခိုရန် လိုအပ်တော့မည်မဟုတ်။
“ဘုရားသခင်သည် ကျွန်ုပ်တို့အထဲ၌ ရှင်သန်စေတော်မူသည့် လူ့စိတ်ဝိညာဉ်အား မိမိကိုသာ ကိုးကွယ်စေလိုသောသဝန်တိုစိတ်ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ၌ အကြောင်းမဲ့ ဖော်ပြသည်ဟု သင်တို့ထင်သလော။
ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်း ကြွေးကြော်သောသူသည် ယေရှုကဲ့သို့ အသက်ရှင်နေထိုင်ရမည်။
ကျွန်ုပ်တို့အား ခမည်းတော်ပညတ်တော်မူသည့်အတိုင်း သင်၏သားသမီးတချို့သည် သမ္မာတရား၌ ကျင်လည်သည်ကို တွေ့ရသဖြင့် ကျွန်ုပ်အလွန်ဝမ်းမြောက်၏။
အချို့သောသူတို့ကို မီးထဲမှ ဆွဲထုတ်၍ ကယ်ကြလော့။ လူ့ဗီဇစိတ်၏ အညစ်အကြေးစွန်းထင်းနေသည့် သူတို့၏အဝတ်ကိုပင် ရွံမုန်း၍ ကြောက်ရွံ့သောစိတ်နှင့် သူတို့ကို သနားကြလော့။