ထိုအခါ ပေတရုက “အခြားသူအပေါင်းတို့သည် သခင့်ကို စွန့်ခွာကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
ရောမ 11:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သင်သည် ခုတ်ဖြတ်ခံရသော အကိုင်းအခက်များ၏ နေရာ၌ ကိုင်းဆက်ကူးခြင်းခံရသောကြောင့် ထိုခုတ်ဖြတ်ခံရသော အကိုင်းအခက်များကို မကြွားဝါနှင့်။ ကြွားဝါခဲ့လျှင် သင်သည် အကိုင်းအခက်မျှသာဖြစ်ကြောင်းကို သတိရလော့။ သင်သည် အမြစ်ကို ထောက်မသည်မဟုတ်ဘဲ အမြစ်ကသာ သင့်ကိုထောက်မ၏။ Common Language Bible သို့ဖြစ်၍သင်တို့သည်ခုတ်ဖြတ်ပစ်လိုက်သည့် အကိုင်းများနှင့်တူသောသူတို့ကိုအထင် မသေးကြနှင့်။ သင်တို့သည်အဘယ်သို့လျှင် ဝါကြွားနိုင်သနည်း။ သင်တို့သည်အကိုင်း အခက်မျှသာဖြစ်၍အမြစ်ကိုထောက်မ သည်မဟုတ်။ အမြစ်သည်သာလျှင်သင်တို့ ကိုထောက်မ၏။ Garrad Bible ထို အ ကိုင်း အ ခက် များ အ ပေါ် တွင် မ ဝါ ကြွား နှင့်။ ဝါ ကြွား ခဲ့ လျှင် အ မြစ် ကို သင် ထောက် မ သည် မ ဟုတ်။ Judson Bible ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအကိုင်းအခက်များအပေါ် ဝါကြွားသောစိတ်မရှိနှင့်။ ဝါကြွားလျှင်လည်း သင်သည် အမြစ်ကိုထောက်မသည်မဟုတ်။ အမြစ်ကသာ သင့်ကိုထောက်မ၏။ |
ထိုအခါ ပေတရုက “အခြားသူအပေါင်းတို့သည် သခင့်ကို စွန့်ခွာကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
ကယ်တင်ခြင်းသည် ဂျူးလူမျိုးများမှတစ်ဆင့် ဖြစ်လာသဖြင့် ဂျူးလူမျိုးဖြစ်သော ငါတို့သည် မိမိသိသောဘုရားကို ကိုးကွယ်ကြ၏။ ရှမာရိလူမျိုးဖြစ်သော သင်တို့မှာ မိမိမသိသောဘုရားကို ကိုးကွယ်ကြ၏။
ပေါလုရောက်လာသောအခါ ဂျေရုဆလင်မြို့မှ ဆင်းလာသောဂျူးတို့သည် သူ့ကိုဝိုင်း၍ ကြီးလေးသောစွဲချက်များဖြင့် စွပ်စွဲကြ၏။ သို့သော် သက်သေကိုမူ မပြနိုင်ကြပေ။
မှန်ပေ၏။ သူတို့သည် ခရစ်တော်ကို မယုံကြည်သောကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်ကမူ ယုံကြည်သောကြောင့် တည်နေ၏။ ထို့ကြောင့် မာနမထောင်လွှားဘဲ ကြောက်ရွံ့လော့။
သို့ဖြစ်လျှင် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းအတွက် ကြွားဝါစရာရှိသလော။ မရှိပါ။ ထိုကြွားဝါစရာသည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ ပညတ်တရားကို လိုက်နာကျင့်သုံးသောကြောင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်သောကြောင့်သာ ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိ၏။ ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့် အာဗြဟံ၏ မျိုးဆက်အားလုံး လက်ခံရရှိမည်မှာ အမှန်ပင်ဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့ဖြစ်စေ၊ မကျင့်သုံးသောသူတို့ဖြစ်စေ အာဗြဟံ၌ရှိသည့် ယုံကြည်ခြင်းမျိုး ရှိသောသူမှန်လျှင် လက်ခံရရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ယုံကြည်သောသူတို့၏ ဖခင်ကြီးဖြစ်သောကြောင့်ပင်ဖြစ်၏။
ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့စွာ ရပ်နေသည်ဟု ထင်လျှင် မလဲကျစေရန် သတိပြုပါ။
သင်တို့သည် ခရစ်တော်နှင့် သက်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ဘုရားသခင်ကတိပြုတော်မူသည့်အတိုင်း အမွေခံများဖြစ်ကြ၏။